28 C
Yangon

စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ အထိုင်ချတပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ဓာတ်အားခွဲရုံမှူး အရာ ရှိ ၂ ဦးအပါအဝင် စစ်သားအများအပြား သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၇

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ၌ အထိုင်ချတပ်စွဲထားသော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဓာတ်အားခွဲရုံမှူး အရာရှိ ၂ ဦးအပါအဝင် စစ်သား ၃၂ ဦးသေဆုံးကြောင်း ဗမာ့ တပ်တော် – အမှတ် ၃ စစ်ဦးစီးကွ က်ကဲရေးရုံး၊ ကွက်ကဲရေးမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၃၁ ရက် နံနက် ၅ နာရီခန့်က စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံ၌ အထိုင်ချတပ်စွဲ ထား သည့် စစ်တပ်ကို လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများ ဖြင့် အလစ်အငိုက် ချေမှုန်းတိုက်ခိုက်ခဲ့ရာ ၄ နာရီကျော် ခန့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ အဆိုပါတိုက်ပွဲအတွင်း ဓာတ်အားခွဲရုံ ခွဲရုံးမှူး၊ အရာရှိ ၂ ဦးနှင့် အကြမ်းဖက် စစ်သား ၃၀ ကျော် သေဆုံးကာ အ များအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ဓာတ်အားခွဲရုံ အတွင်း ထရန်စဖော်မာ ၈၀ လုံးခန့် ပျက်စီးခဲ့ကြောင်း၊ ကပစ ၂၀၊ ၂၁၊ ၂၅ နှင့် လစခ ၉ တို့သို့ လျှပ်စစ် ဓာတ်အား ပေးပို့မှု လုံးဝပြတ် တောက်ပြီး စစ် ဆင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်တန့်သွား ခဲ့ကြောင်း သိရှိရသည်။

“တိုက်တာက မတ်လ ၃၁ ရက်နေ့ကတည်းက တိုက်ခဲ့တာ၊ ဒါပေမယ့် ငလျင်ဒဏ်တွေနဲ့ဘာတွေနဲ့ဆိုတော့ ကြည့်ပြီးကာမှ မတင်ဖြစ်တာပါ။ ဒီဘက်ဒေသ စလင်းနယ်ထဲမှာ စစ်ကြောင်းက ခဏခဏဝင်ရောက် နေ တာဖြစ်တဲ့ သတိထားပြီးတော့ သွားလာနေထိုင်ဖို့နဲ့ ပြီးတော့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြော ဆိုတဲ့စကားတွေ တတ်နိုင်သလောက်လိုက်နာပေးဖို့ပေါ့၊ အဲလိုမျိုးလိုက်နာမယ် ဆိုရင်တော့ အနည်းအများ အန္တရာယ်ကြားထဲမှာ မရောက်တော့ဘူးပေါ့၊ ကျနော်တို့လည်း ရှေ့ဆုံးမှာ နေပြီးကာမှ မသွားဖို့၊ မလာဖို့တွေ အခြေအနေ အကြောင်းကြောင့်ဆိုရင် သတိပေးတာမျိုး အမြဲတမ်း လုပ်ဆောင် နေကြဆိုတော့လေ အဲဒါလေးတော့ လိုက်နာစေချင်ပါတယ်။ ဒီလိုမျိုးအခုလိုကာလထဲမှာ တောင်မှ သူတို့က ထိုးစစ်ရပ်ထားတယ်ပြောနေပေမယ့် စိုးမိုးနယ်မြေထဲသူတို့ဝင်လာတဲ့အချိန်မှာ ကာကွယ်တဲ့ ဟာကိုတောင်မှ သူတို့က တိုက်ခိုက်မှုမျိုးတွေရှိလာတာဖြစ်တဲ့အတွက်ကြောင့် ကျနော် တို့လည်း မ တတ်သာဘူးလေ၊ အဲလိုမျိုးလုပ်ရတာတွေရှိတယ်။ သူတို့လည်း ပူးပေါင်း စေချင်တယ်။” ဟု ဗမာ့ တပ် တော် – အမှတ် ၃ စစ်ဦးစီးကွက်ကဲရေးရုံး၊ ကွက်ကဲရေးမှူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ဆင်ရေး လုပ်ဆောင်ရခြင်းမှာ လက်နက်ခဲယမ်းများထုတ်လုပ်သည့် ကပစ ၂၀၊ ကပစ ၂၁၊ ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် ၉ လေကြောင်း ရန်ကာကွယ်ရေး ကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်များသို့ အဓိကဓာတ်အားပေးထားသည့် နေရာဖြစ်၍ အဆိုပါဓာတ်အားခွဲရုံကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗမာ့တပ်တော်၊ အမှတ် ၃ စစ်ဦးစီးကွပ်ကဲရေးမှူးမှ ဦးစီးလျက် ဗမာ့တပ်တော် တပ်ရင်း ၇၀၇ ၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့၊ ဒေါင်းစစ်အောင် Local PDF၊ မင်း ဘူးခရိုင်အမှတ် ၁ တပ် ရင်း၊ ဂန့်ဂေါခရိုင်ပူးပေါင်းတပ်ဖွဲ့၊ စလင်းမြို့နယ်ပကဖတပ်ဖွဲ့၊ ဆိပ်ဖြူမြို့နယ် ပကဖတပ်ဖွဲ့၊ မကွေးတိုင်းဒရုန်းလက်ရုံးတပ်ဖွဲ့၊ မင်းဘူးခရိုင်လက်ရုံးတပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ပွဲဝင် ချေမှုန်းခဲ့ခြင်းဖြစ်ပြီး ပေါက်တောင်ပိုင်းကျန်း မာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦး မြင့်မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပြီး တပ်ပေါင်းစုများ အောင်မြင်စွာပြန်လည်ထွက်ခွါသွားပြီးနောက် တညောင်ဓာတ်အားခွဲ ရုံအနီး တစ်ဝိုက်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ မကွေးလေတပ်မှ Jet Fighter များဖြင့် ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာများပျက်ဆီးပြီးအပြစ်မဲ့ပြည်သူများ ထိခိုက်သေ ဆုံးမှုရှိကြောင်း သိရှိရသည်။

ဗမာ့တပ်တော်အနေဖြင့် ပြည်သူများငလျင်ဘေးဒဏ်သင့်သည့်ဒေသများတွင် စစ်ရေးဆောင်ရွက်ခဲ့ ခြင်းမျိုးမဟုတ်ဘဲ အကြမ်းဖက်စစ်တပ်မှ လေယာဉ်များဖြင့် ဆက်လက်ဗုံးကျဲတိုက်ခိုက်မှုုများ ဆောင် ရွက်နေခြင်းကြောင့် ငလျင်ဘေးဒဏ်လုံးဝလွတ်ကင်းသည့် ဒေသတွင် စစ်ဆင်ရေးဆောင်ရွက်ခဲ့ရခြင်း ဖြစ်ကြောင်း အသိပေးသည်။

ဗမာ့တပ်တော်နှင့် မဟာမိတ်တပ်ပေါင်းစုများမှ စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် နယ်မြေသည် ငလျင် ဘေးဒဏ်သင့်သည့် ဖြစ်စဉ်များမရှိသော်လည်း အခြား ငလျင်ဘေးဒဏ်သင့်သည့်ဒေသများရှိ ပြည် သူများ၏ ထိခိုက်ဆုံးရှုံးမှုများအား လူသားချင်းစာနာထောက်ထားမှုအရ ယခုအချိန်မှသာ သတင်း ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article