28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်းမှာ သူတို့အနေနဲ့ အပစ်ရပ်ထားပေမယ့် KIA ၊ TNLA ၊ KNPP ၊ KNU နဲ့ PDF တပ်တွေက သူတို့ စစ်တပ်ကို ဝိုင်းဝန်း တိုက်ခိုက်နေပါတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရ အကြမ်းဖက် ဇော်မင်းထွန်း က ပြောသွားပြန်ပါတယ်။
  • လက်ရှိ စစ်ကိုင်းတိုင်းမှာ ငလျင်ဒဏ်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်တိုင်းတိုင်း ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာကို ဧပြီလ ၆ ရက်နေ့ဖြစ်တဲ့ မနေ့က ညပိုင်းမှာပဲ လူတွေအိပ်နေတဲ့အချိန် စက်တက်လေထီးတွေနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အိပ်ပျော်နေတဲ့ ပြည်သူ ၃ ဦးဟာ နေအိမ်နဲ့အတူ မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းမြို့ ပေါ်မှာ ငလျင်ဘေးသင့် ပြည်သူတွေအတွက် အလှူရှင်တွေက လာရောက် လှူဒါန်းထားတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သူတို့ကိုပဲ ပေးရမယ်ဆိုပြီး ရိုက်နှက် လုယူမှုဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံခဲ့တဲ့ ဒေသခံပြည်သူတွေပြောပြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article