31 C
Yangon

စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောင်ဘိုရွာသား ကိုကောင်းခန့်ငြိမ်းကို အကြမ်းဖက် စစ်တပ်က PDF ဘောင်းဘီဝတ်ဆင်ခိုင်းပြီး သတ်ဖြတ်ကာ ရုပ်အလောင်းကို ရွာပြင်၌ စွန့်ပစ်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၆ ရက်နေ့တွင် စလင်းမြို့နယ်၊ မြောက်ချောင်းဖြူအုပ်စု၊ တောင်ဘိုကျေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက်ပြီး ပြည်သူ ၁ ဦး ဖမ်းဆီးကာ ကျန်ရှိသော ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေနတ်ကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ၈ နာရီခန့်တွင် တောင်ဘိုရွာအရှေ့ဖျား ရှိ ချိုင့်တခုထဲတွင် PDF ဘောင်းဘီ ဝတ်ဆင်ခိုင်းပြီး ရက်စက်စွာ သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ ဖမ်းဆီး ခေါ်ဆောင်သွားတာ အသက် ၂၄ နှစ်အရွယ် ကိုကောင်းခန့်ငြိမ်းပါ။ PDF ဘောင်ဘီးဝတ်ခိုင်းပြီး ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ သိရတယ်။ နေအိမ်ကို စွန့်ခွာရှောင်တိမ်းသူ အရပ်သားရဲ့ ရွှေထည်နဲ့ ငွေကြေးတွေကို ယူငင်ပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာပါ။ စစ်ခွေးတွေက PDF ဘောင်းဘီ ဝတ်ဆင်ခိုင်းပြီး သတင်းလိမ် ထုတ်ပြန်မယ်ထင်တယ်” ဟု စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ ယုတ်မာမှုများကြောင့် စစ်ကြောင်း ဝင်ရောက်လာမည့် သတင်းများကို အချိန်နှင့်တပြေးညီ ရရှိပါက ကြိုတင် ရှောင်တိမ်းကြရန် စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article