30 C
Yangon

အာဆီယံခေါင်းဆောင်တွေနဲ့ မင်းအောင်လှိုင် ဧပြီလ ၁၇ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံမယ့်ကိစ္စ ငလျင်ဘေး အကူအညီပေးရေး အဓိကလို့ မလေးရှားဝန်ကြီးချုပ် ကာကွယ် ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၁၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်​တွေ လာမယ့် ဧပြီလ ၁၇ ရက်နေ့ ကြာသာပတေးနေ့၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဒီလို တွေ့ဆုံမှုဟာ ငလျင်ဘေးနဲ့ပတ်သက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေး အဓိက ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါက ပြောဆိုပါတယ်။

“ သူ (မင်းအောင်လှိုင်)နဲ့ အာဆီယံ ခေါင်းဆောင် တွေ ပထမဆုံး အကြိမ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ အာဆီယံ အနေနဲ့ မြန်မာ့အရေး ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲထားပြီးတော့ အခုတွေ့ဆုံမယ့် ဒီအစည်းအဝေးကတော့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအတွက်သာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က​ ပြောဆိုပါတယ်။

လက်ရှိ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီကို တိုက်တွန်းတာတွေ အပါအဝင် ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့ ဘန်ကောက်၌ တွေ့ဆုံမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေးက မကြာသေးမီက ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒုက္ခသည်တွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့ အရေးကြီးတယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံမှာ မကြာသေးမီက ငလျင်လှုပ်ခတ်မှု ပြင်းထန်ခဲ့ပြီး မလေးရှားတပ်မတော်က ဦးစီးတဲ့ ယာယီဆေးရုံကနေတဆင့် မလေးရှားနိုင်ငံရဲ့ အကူအညီတွေ ဆက်လက်ပေးဖို့ သဘောတူထားပါတယ်”လို့ မလေးရှားဝန်ကြီးချုပ်က ဆက်လက်ပြောဆိုပါတယ်။

မင်းအောင်လှိုင်ကို ဖုန်းခေါ်ပြီးတဲ့နောက် ဧပြီလ ၁၇ ရက်နေ့ ဘန်ကောက်မှာ တွေ့ဆုံဖို့ သဘောတူညီခဲ့တာဖြစ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားမှသာ အကူအညီတွေ ပေးအပ်မှာဖြစ်တယ်လို့ သူက ရှင်းရှင်းလင်းလင်း ပြောကြားဆိုထားပါတယ်။

“ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုခဲ့တယ်၊ ၂ ရက်အကြာမှာတော့ မြန်မာဘက်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂၂ ရက်အထိ ကြေညာခဲ့ပါတယ်။ ဧပြီလ ၁၇ ရက်နေ့ သူနဲ့ တွေ့ဆုံချိန်မှာလည်း အပစ်အခတ် ရပ်စဲရေးကို သက်တမ်းတိုးဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” လို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပြန်ပါတယ်။

Ref : BERNAMA

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article