34 C
Yangon

ကလေးမြို့တောင်ပိုင်း၊ စစ်တပ်နှင့်ပျူစခန်း ၅ ခုကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် အကြိမ်ပေါင်း ၁၀၀၀ ကျော်ဗုံးကျဲခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ ပျူစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၅ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း CDF – KKG က ယနေ့ ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်အတွင်း စုဖွဲ့လေ့ကျင့်မှု စတင်ခြင်းနှင့်အတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် CDF-KKG Major Operation စတင်ဖော်ဆောင်ခဲ့ကာ ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက် စခန်းများ ဖြစ်သော ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့ ၊ အနောက်) ၊ ပျူစောထီး စိုးမိုးသည့် ကြံသာရွာများကို ၂ လတာအတွင်း ဘုရားကျေးဇူးတော်ကြောင့် အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း CDF-KKG Major Operation တခုလုံးကို ချင်း အမျိုးသား တပ်မတော် (CNA) မှ စစ်ရေးကွပ်ကဲခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကလေးနှင့် ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများအနက် အခိုင်မာဆုံးနှင့် အတောင့်တင်းဆုံး စခန်းတစ်ခုဖြစ်သော ကမ်းပါးနီစခန်းကိုလည်းကောင်း၊ထို့နောက် ဖေဖော်ဝါ ရီ ၁၅ အထိ ကလေးတောင်ပိုင်းရှိ မှန်တောရွာနှင့် အောင်သာယာရွာ (အနောက်) ရှိ စစ် ကောင်စီ အခြေကုပ်စခန်းများကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ကမ်းပါးနီစခန်းသိမ်း တိုက်ပွဲတွင် မဟာမိတ်တပ်များအနေဖြင့် CNA ၊ CDF-Hakha ၊ CDF Thangtlang ၊ CDF CDM – Siyin ၊ ABSDF , ယောဒေသ လွတ်မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang ၊ နဂါးညီနောင် အစရှိသည်တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မှန်တော၊ အောင်သာယာ (အရှေ့၊ အ နောက်) ရှိ စစ်ကောင်စီ အခြေစိုက် စခန်းများ တိုက်ခိုက်သိမ်းပိုက်ခဲ့မှုတွင်PDF Vakok, RKDF တို့က နယ်မြေ ရှင်းလင်းရေး၊ ထိန်းချုပ်ရေး၊ ခုခံကာကွယ်ရေးတို့တွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ကမ်းပါးနီ၊ မှန်တော၊ အောင်သာယာ တိုက်ပွဲများနှင့်တကွ စစ်ကောင်စီမှ ပြန်လည် ထိုးစစ်ဆင်မှု စုစု ပေါင်း ၁၉ ကြိမ်တွင် တိုက်ပွဲဖြစ်ပွားရာ စစ်မြေပြင်နှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနှင့် Y12၊ Y8 အစရှိသည့် လေကြောင်းဗုံးကြဲ တိုက်ခိုက် မှုပေါင်း အကြိမ် ၁,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူပိုင် ဆေးရုံ၊ စာသင်ကျောင်း၊ သာ သနိက အဆောက်အဦနှင့် ပြည်သူ့နေအိမ်ပေါင်း ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ကာ ကျေးရွာပေါင်း ၁၂ ရွာကျော်မှ ပြည်သူပေါင်း ၂၀,၀၀၀ ဝန်းကျင်တိမ်းရှောင်ခဲ့ကြရပြီး တချို့တဝက်ကျော်မှာ ယခုတိုင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ပြည်သူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ ဒဏ်ရာရ ပြည်သူ စုစုပေါင်း အယောက် ၄၀ ကျော်ခန့် ရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင်ပျူစောထီးစိုးမိုးသည့် ကြံသာရွာကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ မွန်းလွဲပိုင်း မတိုင်မီတွင်ပင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ခိုက်ပွဲအတွင်း မဟာမိတ်အင်အားများအနေဖြင့် CNA ၊ CDF-Thangtlang ၊ CDF CDM-Siyin ၊ ABSDF ၊ ဟံသာဝတီ ပကဖ ၊ MCR ၊ PDF Vakok ၊ ကလေးတောင်ပိုင်း တော် လှန်ရေး အင်အားစုအဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

CDF-KKG Major Operation အတွင်း အသက်ပေးဆပ်သွားခဲ့ကြသည့် CDF-KKG နှင့် မဟာမိတ် အ ဖွဲ့အစည်းအသီးသီးမှ အာဇာနည်ရဲဘော်များ ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့် ရဲဘော်များ၊ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည့် ရဲဘော်များကို ဂုဏ်ပြု အောက်မေ့ပါကြောင်းနှင့် အောင်ပွဲရရှိသည်အထိ အစွမ်းကုန်ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော်များ၏ ဇွဲ၊ လုံ့လ၊ ဝီရိယ စိုက်ထုတ်မှုတို့ကို လေးစား ဂုဏ်ယူကြောင်း CDF – KKG က ပြောဆိုသည်။

ယင်းစစ်ဆင်ရေးများအတွင်း ABSDF မှ တပ်စုမှူး ရဲဘော် မြအောင်(ခ) လင်ကွန်း အပါအဝင် ၂ ဦး ကျဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ABSDF ကထုတ်ပြန်ထားသည်။

Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) အနေဖြင့် ကလေး-ဂန့်ဂေါ အ ကြား ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများ၊ ပျူစောထီး စိုးမိုးကျေးရွာ များကို မကြာမီ ဆက် လက်ပြီး တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အခြေပြုလှုပ်ရှားရာ ဒေသဖြစ်သည့် ချင်းပြည်နယ်၊ စစ် ကိုင်းတိုင်းနှင့် မကွေးတိုင်း ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီများကို မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article