ရန်ကုန်၊ ဧပြီ ၁၆
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ သစ်ဆိမ့်ကျေးရွာဆေးခန်းကို ပစ်မှတ်ထားကာ အကြမ်း ဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး ကျဲချတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ် အရွယ် ကလေး ၁ ဦး ပါအဝင် ပြည်သူ ၄ ဦးသေဆုံးကြောင်း ပြည်သူ့ အစေခံတော်လှန် ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။
ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ သစ်ဆိမ့်ကျေးရွာ ဆေးပေးခန်းကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဆေးခန်း အ နောက်ဘက်ရှိ နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲပြီး အသက် ၁၂ နှစ်အရွယ်ယောက်ျားလေး ၁ ဦး အပါဝင် ၄ ဦးသေဆုံးကာ နေအိမ် ၂ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကျဲသွားတာက တစ်လုံးပဲကျသွားတာပါ၊ ဒါပေမယ့်ပေါင် ၅၀၀ ဗုံးနဲ့ချသွားတာ၊ ဆေးခန်းကို ပစ်မှတ် ထားပြီး ကျဲသွားတာပေါ့၊ အိမ် ၂ လုံးပျက်စီးသွားတယ်။ ဒဏ်ရာရက ၆ ယောက်ရှိတယ်၊ တစ်ဦးက စိုးရိမ်ရတယ်။ ၄ ဦးကသေသွားပြီ။ ၁၂ နှစ်အရွယ် ယောက်ျားတစ်ယောက်သေတဲ့အထဲမှာပါတယ်။ ကျ နော်တို့အဖွဲ့တွေတော့ ရောက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ပေးနေပါတယ်” ဟု ပြည်သူ့ အ စေခံ တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ သင်္ကြန်အတက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်၊ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့် ဝက်လက်မြို့ အပါအဝင် နိုင်ငံတစ်ဝန်းလုံးတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြောင်း စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





