ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အမေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့၊ စကားပြောခွင့်ပေးဖို့နဲ့ ဆေးကုသခွင့်ပေးဖို့ သားတစ်ဦးအနေနဲ့ တောင်းဆိုနေပေမယ့် စစ်အုပ်စုက ဘယ်လိုမှ မတုံ့ပြန်ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်က လူမှုကွန်ရက်ကတစ်ဆင့် သတင်းထုတ်ပြန်ပြောဆိုပါတယ်။
- ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကနေ အကျဉ်းသားကယ်ထုတ်ရေးအတွက် လျှပ်တပြက်စစ်ဆင်ရေးဖော် ဆောင်ပြီး စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးပြီး CNA ၊ CDF ရဲဘော်တွေအပါအဝင် အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး – CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ရိက္ခာယူပြီးပြန်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




