27 C
Yangon

ကျောက်ကြီးမြို့နယ်တွင် ခလရ ၇၅ မှ စစ်မှုထမ်းတပ်သားသစ် ၇ ဦး KNLA ထံတွင် အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ခလရ ၇၅ မှ စစ်မှုထမ်းတပ်သားသစ် ၇ ဦး KNLA ထံတွင် အလင်းဝင်လာကြောင်း KNU က သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ခလရ ၇၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားများဖြစ်သော အသက် ၂၂ နှစ်အရွယ် ကျော်ဇေယျ ၊ အသက် ၂၇ နှစ် သီဟနိုင် ၊ အသက် ၃၆ နှစ် အောင်မျိုးဦး ၊ အသက် ၂၀ နှစ် စည်သူဟိန်း၊ အသက် ၂၆ နှစ် မောင်မှောက် ၊ အသက် ၃၃ နှစ်အရွယ် သန်းနိုင်ဦး နှင့် အသက် ၂၄ နှစ် ရာဇာထက် စုစုပေါင်း စစ်မှုထမ်းတပ်သား ၇ ဦးမှာ အလင်းဝင်ဘက် ပြောင်းခိုလှုံလာကြကြောင်း သိရှိရသည်။

အဆိုပါစစ်မှုထမ်းတပ်သား ၇ ဦးမှာ စစ်မှုထမ်းအပတ်စဉ် ၇ ၊ စစ်မှုထမ်းအပတ်စဉ် ၁၀ နှင့် စစ်မှုထမ်းအပတ်စဉ် ၁၃ တို့မှ သင်တန်းသားများ ဖြစ်ကြပြီး အလင်းဝင် စစ်မှုထမ်းတပ်သားသစ် သန်းနိုင်ဦးနှင့် ရာဇာထက် တို့ ၂ ဦးမှာ အရောင်းစားခံရပြီး ပြည်သူ့စစ်မှုထမ်းဘဝသို့ ရောက်ရှိလာသူများ ဖြစ်ကြောင်း သိရှိရသည်။

အခက်အခဲအမျိုးမျိုးကြောင့် အလင်းဝင်ဘက် ပြောင်းခိုလှုံလာကြသော စစ်မှုထမ်းတပ်သားသစ်များမှာ လက်နက်များ ယူဆောင်လာနိုင်ခြင်း မရှိသော်လည်း ကျောက်ကြီးမြို့နယ်တာဝန်ရှိသူများမှ နေရာထိုင်ခင်း၊ အသားအစာနှင့် အဝတ်အစားများ ထောက်ပံ့ပေးအပ်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရှိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်းစေခိုင်းခံနေရသူ အာဏာသိမ်းအကြမ်းဖက်စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင်ဘက် ပြောင်းခိုလှုံကြရန် KNU က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article