မြန်မာစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချရသောရလဒ် မထွက်နိုင်၍ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ထုတ်ဖော်ပြောဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်သော အာဆီယံ-EU အရပ်ဘက်လူမှုအဖွဲ့အစည်းများ ဖိုရမ်နှင့် လူ့အခွင့် အရေးဆိုင်ရာ အာဆီယံ-EU မူဝါဒဆွေးနွေးပွဲ လာရောက်တက်စဉ် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က မြန်မာစစ်တပ်က ပြုလုပ်သော ရွေးကောက်ပွဲသို့ ဥရောပသမဂ္ဂက လေ့လာသူ စေလွှတ်ရန် အစီအစဉ်မရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြစ် သည်။
မြန်မာစစ်တပ်၏ ရွေးကောက်ပွဲမှာ ယုံကြည်စိတ်ချရသော ရလဒ် ထွက်ပေါ်လာနိုင်ခြင်းမရှိကြောင်း၊ အနောက်နိုင်ငံများ အပါအဝင် မြန်မာ့အရေး လေ့လာစောင့်ကြည်သူများက စစ်တပ်၏ ရွေးကောက်ပွဲသည် အတုအယောင်သာဖြစ်ပြီး စစ်တပ်၏ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေရန် ရည်ရွယ်ထားသော ဟန်ပြ ရွေးကောက်ပွဲသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်သည့် အခြေခံ လိုအပ်ချက် အခြေအနေများကို မဖြည့်လဆည်းပေးနိုင်ကြောင်း Ollongren က ပြောကြားသည်။
” စစ်အစိုးရက ကမကထပြုတဲ့ ရွေးကောက်ပွဲဖြစ်လို့ ရလဒ်ကတော့ တစ်ခုပဲ ထွက်မှာပါ ” ဟု ဥရောပသမဂ္ဂ၏ လူ့အခွင့အရေးဆိုင်ရာ အထူးကိုယ် စားလှယ် Kajsa Ollongren က ထုတ်ဖော်ပြေဆာိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတစ်ဝန်း နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့သော လက်နက်ကိုင်တော်လှန်ပုန်ကန်မှုကို ဖြစ်ပေါ်နေပြီး စစ်တပ်ကလည်း ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာနှုန်းပြည့် မကျင်းပနိုင်ကြောင်း ထုတ်ဖော် ဝန်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




