26 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာ ရေဒါကျေးရွာမှ ကိုအောင်နိုင်စိုး ပစ်ခတ်သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာ ရေဒါကျေးရွာမှ လူငယ်ကိုအောင်နိုင်စိုးကို စစ်သားများက ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း အသတ်ခံရသူကိုအောင်နိုင်စိုး၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ မအူတန်းရွာနှင့် ကြို့ကိုးပင်ရွာ အကြားရှိ ဆည်မြောင်းပေါ်တွင် အကြမ်းဖက် စစ်တပ်က လူငယ်များကို လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးသည့် လူငယ်များကို စစ်သားများက လိုက်လံ ပစ်ခတ်ရာ ရေဒါကျေးရွာမှ ကိုအောင်နိုင်စိုး ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် သေဆုံးသွားသော ကိုအောင်နိုင်စိုး ရုပ်အလောင်းကို လက်ရှိချိန်ထိ သဂြိုလ်ခွင့် မပေးသောကြောင့် မိသားစုဝင်များက ရက်လည်ဆွမ်းသွပ်ခြင်း မပြုလုပ်ရသေးကြောင်း သိရှိရသည်။

“ရေဒါကျေးရွာက အောင်နိုင်စိုးကို စစ်ခွေးက ပေါ်တာဆွဲနေစဉ် ထွက်ပြေးလို့ဆိုပြီး ပစ်သတ်လိုက်တာ နောက်ပြီး အလောင်းကိုလည်း သဂြိုလ်ခွင့် မပေးလို့ အခက်တွေနေရတယ်။ အောင်နိုင်စိုးက ရေဒါကျေးရွာသား ကြိုကိုးပင်ရွာသူနဲ့ အိမ်ထောင်လာကျတာ ဝက်သားရောင်းတယ်တဲ့ အလုပ်လုပ်ပါတယ်” ဟု မိတ်ဆွေတစ်ဦးက ပြောဆိုသည်။

လတ်တလော ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ မင်းလှမြို့နယ် အပါအဝင် မြို့နယ်အများစုတွင် စစ်တပ်က စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးသည့်အပြင် ခရီးသည်တင်ကားများပေါ်မှပါ ဆွဲချ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

Photo- AFP။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article