26 C
Yangon

စစ်လော်ဘီ စီးပွားရေးသမား ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်၊ ကြံ့ဖွတ်မှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်းနှင့်ပြိုင်ဘက်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသည့် ပို့စ်များ တောက်လျှောက်တင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

အကြမ်းဖက် စစ်တပ်၏ စစ်လော်ဘီတစ်ဦးလည်းဖြစ် စီးပွားရေးသမားတစ်ဦးလည်းဖြစ်သူ ဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကိုကိုကြီးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရှိရသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ လူမှုကွန်ရက်တွင် စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံခဲ့ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို အကြမ်းဖက်များဟု ခေါ်ဝေါ်ခဲ့သည့် လုပ်ငန်းရှင်ဖြိုးဝေစိုးသည် ကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီမှ မအူပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လာခြင်းဖြစ်သည်။

“စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲမှုများ ရွာစဉ်လိုက်မီးရှို့မှုများသည် လုပ်ကိုလုပ်ရမည့်အရာဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အောင် ရွာလုံးကျွတ်ရှင်းသင့်ရင်ရှင်းရမည်” ဟု စစ်လော်ဘီ ဖြိုးဝေစိုးက ထုတ်ဖော်ပြောဆိုခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ ဒေါက်တိုင်ဖြစ်သူ ဖြိုးဝေစိုးက စင်ကာပူမှ မြန်မာပြည်သို့ ပြန်လည်အခြေချလာသူဖြစ်ပြီး ရန်ကုန်အခြေစိုက် Digi Power ကုမ္ပဏီကိုလည်း ထူထောင်ထားသူဖြစ်ကြောင်း သိရှိရသည်။

စစ်လော်ဘီဖြိုးဝေစိုးက မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကြံ့ဖွတ်ပါတီမှ ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း အပါအဝင် အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း စစ်တပ်ကို ထောက်ခံသော ပို့စ်များကို တောက်လျှောက်တင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်ကိုထောက်ခံရင်း ရွေးကောက်ပွဲအသုံးစရိတ်အတွက်ဟုဆိုကာ ပြည်သူများထံမှလည်း အလှူငွေများ ကောက်ခံနေကြောင်းလည်း သိရှိရသည်။

စစ်တပ်က ပြုလုပ်ပေးမည့် အတုအယောင် ရွေးကောက်ပွဲတွင် ကိုကိုကြီး၏ ပြည်သူ့ ပါတီက ကိုယ်စားလှယ်လောင်း ၅၁၂ ဦးဖြင့် တစ်နိုင်ငံလုံး မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

(စစ်တပ်ကို ထောက်ခံသည့် လူမှုကွန်ရက်ပို့စ်များ တင်ထားသည့် ဖြိုးဝေစိုးအကောင့်မှ Screen Shot များကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဖော်ပြထားပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article