30 C
Yangon

မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါသော ယာဉ်တန်း မင်းတုန်းမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရသဖြင့် ရဲမှူးကြီးကျော်စိုးဝင်း သွားများကျွတ်ထွက်ခြင်း အပါအဝင် အပြင်းအထန် ဒဏ်ရာ ရရှိ၍ ဆေးရုံ တင်ထားရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါသော ယာဉ်တန်းမှာ မင်းတုန်းမြို့နယ်တွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရဲမှူးကြီးကျော်စိုးဝင်းမှာ သွားများကျွတ်ထွက် ဒဏ်ရာ အပါအဝင် ဒဏ်ရာ အပြင်းအထန်ရရှိ၍ ဆေးရုံ တင်ထားရကြောင်း ရဲဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာနှင့် ဝန်တွင်းကျေးရွာ အကြားရှိ ပုသိမ်-မုံရွာ လမ်းပိုင်းပေါ်တွင် မင်းတုန်းမြို့ဘက်မှ ဝန်တွင်းကျေးရွာဘက်သို့ မောင်းနှင်လာသေ မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါလာသော ကား ၄ စီးပါ ယာဉ်တန်းကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ မကွေးတိုင်းရဲမှူးကြီးမှာ ရဲလုပ်ငန်းစစ်ဆေးရေးအတွက် နယ်မြေသို့ ဆင်းစဉ် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ လတ်တလော ရဲမှူးကြီး ကျော်စိုးဝင်းမှာ သွားများကျွတ်ထွက်သွားခြင်း ဒဏ်ရာ အပါအဝင် အပြင်းအထန် သိရှိရသည်။

“တိုင်းရဲမင်းကြီး ကျော်စိုးဝင်းကတော့ ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ လောလောဆယ်တော့ မင်းတုန်းကနေ ပြည်ကို တိုက်ရိုက် မောင်းသွားပြီး ပြည်မှာရှိတဲ့ စစ်ဆေးရုံမှာလို့တော့ သိရတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်လည်း သိရတယ်။ သွားတွေပါ ကျွတ်ထွက်ကုန်တာ” ဟု ရဲဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါသော ကားတန်းကို တိုက်ခိုက်မှုအတွင်း ဖိုးဝှီးကား ၁ စီးသည် မိုင်းထိမှန်ကာ မောင်းပြေးသွားရာ အဆိုပါကားကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ကားပေါ်လာသော စစ်သားများက မိုင်းထိမှန်ထားသော ကားကို ရပ်ထားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ကျန်ကား ၃ စီးပေါ် တင်ဆောင်၍ ထွက်ပြေးမောင်းနှင်သွားကြောင်း သိရှိရသည်။

ရဲမှူးကြီးကျော်စိုးဝင်း၏ ကားတန်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ မျက်မြင် ၄ ဦး ထိခိုက်သေးဆုံးနိုင်ပြီး ၎င်းတို့ထံမှ 7.62ကျည် ၇၈ တောင့် ၊ G3ကျည် ၂၄ တောင့်၊ ကာဘိုင်ကျည် ၁၇ တောင့်၊ စစ်အသုံးအဆောင်ပစ္စည်းအချို့နှင့် ငွေသား ၃၀၀၀၀၀ ကျပ်တို့ကို သိမ်းဆည်းနိုင်ခဲ့ကာ ၎င်းတို့ ထားခဲ့သည့်ကား ၁ စီးကိုလည်း မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင် အမှတ် – ၄ တပ်ရင်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က မင်းတုန်းမြို့အဝင် ၅ မိုင် စစ်ဆေးရေးဂိတ်မှတစ်ဆင့် လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ဒေသ ပြည်သူများနှင့်ခရီးသွား ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်၏ ရမ်းကားနေမှုများကို ဂရုစိုက် နေထိုင်သွားလာကြရန် သရက်ခရိုင် အမှတ် – ၄ တပ်ရင်းက သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article