30 C
Yangon

ထားဝယ်နှင့် ရေဖြူမြို့နယ်တို့ရှိ စစ်တပ် လှည့်ကင်းနှင့် တပ်စွဲထားသောနေရာကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်တို့ရှိ အကြမ်းဖက် စစ်တပ် လှည့်ကင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ထားဝယ်မြို့အနီး လမ်းကင်းလှည့်ရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရက စစ်ကြောင်း၊ ဒေါနတပ်ခွဲ ၇ ၊ ဧဒင်မှူးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေဖြူမြို့နယ် ၊ ညင်းထွေးကျေးရွာအတွင်း ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်း (Drone Team) ၊ DEF (Drone Team) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေး အရှိန်အဟုန်တိုးမြင့် ဆောင်ရွက်နေသည့် အတွက် ပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ ပြု သွားလာနေထိုင်ကြရန်နှင့် တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိနိုင်သောကြောင့် ပြည်သူများအနေနှင့် လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံကြရန် ဒူရကစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူကရစစ်ကြောင်းက ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article