ဒီကနေ့ အောက်တိုဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာတစ်နိုင်ငံလုံးမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့ စတင်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် မဲဆွယ်စည်းရုံးမှုတွေကို စတင်လိုက်မှုနှင့်အတူ စစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့တွေက ကြံ့ဖွတ်ပါတီကို မဲပေးကြဖို့အတွက် ပြည်သူတွေကို စတင်ခြိမ်းခြောက် ဖိအားပေးနေတယ်လို့ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးတွေမှာ အားတက်သရောပါဝင်နေတဲ့ အနုပညာအမည်ခံ အကြမ်းဖက် စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာအရေးယူ ဆောင်ရွက်သွားမယ်လို့ ရန်ကုန် UG အဖွဲ့ ၅ ခုက မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့မှာ ပူးတွဲ ကြောညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
- မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ တိုင်းအဆင့် ရဲမှူး လိုက်ပါလာတဲ့ ကား ၄ စီးပါ ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၄ ဦးသေဆုံးပြီး ခဲယမ်းတချို့ သိမ်းဆည်းရရှိကာ ကား ၁ စီးကို မီးရှို့ရှင်းလင်းနိုင်ခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




