ဒီကနေ့ အောက်တိုဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်ရဲ့ မကွေးတိုင်းရဲမှူးကြီး ကျော်စိုးဝင်း လိုက်ပါလာတဲ့ ယာဉ်တန်းကို မင်းတုန်းမြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကိုခံရပြီး ရဲမှူးကြီးကျော်စိုးဝင်း ဆိုသူဟာ သွားတွေပါ ကျွတ်ထွက်ကုန်တဲ့အပြင် အပြင်းအထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတယ်လို့ ရဲဘက်သတင်း ရင်းမြစ် ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောထားပါတယ်။
- မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ကျူးလွန်သူတွေ နဲ့ တပ်မှူးတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို စုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တရားဝင် ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်တပ်ရဲ့လော်ဘီ စီးပွားရေးသမား ဖြိုးဝေစိုး ဆိုသူက စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲ အတုကြီးအတွက် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ကိုကိုကြီးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပြီး သူဟာ ကြံ့ဖွတ်က ဒုဗိုလ်ချုပ်ကြီးဟောင်း ကံမြင့်သန်း နဲ့ ပြိုင်ဘက်ဖြစ်ပေမယ့် စစ်တပ်က ရွာတွေကို လေကြောင်းကနေ ဗုံးကျဲမှုနဲ့ မီးရှို့မှုတွေဟာ ရွာလုံးကျွတ်ရှင်းသင့်ရင်ရှင်းရမယ် ဆိုတဲ့ စစ်တပ်ထောက်ခံတဲ့ ပို့စ်တွေပါ တောက်လျှောက်တင်နေသူ ဖြစ်တယ်လို့ သိပါတယ်။
- ပဲခူးတိုင်း ၊ ပေါက်ခေါင်းမြို့နယ်က အကြမ်းဖက် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး အောင်နိုင်သူဦး နဲ့ ပျူစောထီး အဖွဲ့ဟာ မြို့ပေါ်ရပ်ကွက်တွေမှာ ပြည်သူတွေရဲ့ နေအိမ်တံခါးပါ ရိုက်ဖွင့်ပြီး ဧည့်စားရင်း စစ်ဆေးတာတွေ လုပ်ပြီးတော့ လူငယ်တွေ တွေ့ရင် ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တာတွေ လုပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




