30 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂ ဦးနှင့် မြန်မာကားသမားတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၉

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၂ ဦးနှင့် မြန်မာကားသမားတို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့ ၊ စစ်ဆေးရေးဂိတ်တွင် ဟွန်ဒါအမျိုးအစား ကား ၁ စီးကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၂ ဦး ကို တွေ့ရှိခဲ့ရပြီး မြန်မာနိုင်ငံသား ၁၂ ဦးတွင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ပြီး ယာဉ်မောင်းမှာလည်း မြန်မာနိုင်ငံသား ၁ ဦးဖြစ်ကြောင်း၊ ယာဉ်မောင်းက ၁ ဦးလျှင် ထိုင်းဘတ် ၂၀၀၀ နှုန်းဖြင့် ငွေယူပို့ဆောင်ခဲ့ပြီး ယခု ပို့ဆောင်မှုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသား ၁၂ ဦး နှင့် မြန်မာနိုင်ငံသား ယာဉ်မောင်း နိုင်လင်းထက် (၃၃ နှစ်) တို့ကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ထားခဲ့ကြောင်း၊ ယာဉ်မောင်း၏ ကားမှာလည်း ငှားရမ်းထားသော ကားဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article