30 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၃၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်တပ်ရဲ့ လိမ်လည်ဝါဒဖြန့် ဇာတ်ကားဖြစ်တဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းနဲ့ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကို ဝေဖန်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အကြမ်းဖက် စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုပြီး ၊ နာမည်ကြီး ဒါရိုက်တာ မိုက်တီးအပါအဝင် အနုပညာရှင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးလိုက်ပါတယ်။
  • ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်က အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီလို့ KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကရင်ပြည်နယ် မြဝတီမြို့နယ်က အကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF တပ်က ထိန်းချုပ်ထားရာ KK Park ကျားဖြန့်အလုပ်ရုံတွေကနေ ထွက်ပြေးကြတဲ့ နိုင်ငံခြား သားတွေထဲက တချို့ ဟာ သောင်ရင်းမြစ်ကို ဖြတ်ကူးတဲ့ ရေနစ်ပြီး သေဆုံးမှုတွေရှိထားသလို နိုင်ငံခြားသား အလောင်းတချို့လည်း တွေ့ရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article