အောက်တိုဘာလ ၂၉ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သော အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၄နှစ်ကျော်ကာလအတွင်း အခြေအနေများမှာ အဆမတန် ပိုမိုဆိုးရွားလာကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများမှာ ယခင်နှစ် ထက် ယခုနှစ်တွင် ပိုမို ဆိုးရွာလာကြောင်း၊ လက်ရှိ မြန်မာပြည်သူပေါင်း ၂၂ သန်းနီးပါးမှာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး ၁၆ ဒသ ၇ သန်းမှာ စားနပ်ရိက္ခာ မလုံလောက်မှုကို အပြင်းအထန် ရင်ဆိုင်နေရကြောင်း၊ ၂၀၂၅ ခုနှစ်ရဲ့ ဒုတိယ ၃ လပတ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ကြောင်း၊
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ အချက်အလက်များအရ ရခိုင်ပြည်နယ်အလယ်ပိုင်းမှ မိသားစုများ၏ ၅၇ ရာခိုင်နှုန်းမှာ အခြေခံစားနပ်ရိက္ခာ လိုအပ်ချက်ကိုပင် မဖြည့်တင်းနိုင်တော့ကြောင်း ၎င်းက ရှင်းပြသည်။
“ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာတွေကို စတင်လုပ်ဆောင်ဖို့ မိမိအနေနဲ့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ လူသားချင်းစာနာမှု အခြေအနေတွေ ပိုဆိုးလာနေချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကူအညီရရှိနိုင်မှုကပါ ပိုဆိုးလာနေတာက လုံးဝ ကပ်ဘေးကြီး ဖြစ်နေပါပြီ” ဟု ၎င်းက ရှင်းပြသည်။
အခြေအနေများဆိုးရွားနေချိန် မြန်မာစစ်တပ်က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ ပြင်ဆင်နေခြင်းမှာ အတု အယောင်နှင့် အလိမ်အညာ သာဖြစ်ကြောင်း ၊ အတိုက်အခံများကို ဖမ်းဆီးထိန်းသိမ်းထောင်ချထားသဖြင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ ရိုဟင်ဂျားအပေါ် အကြမ်းဖက်မှုများကိုလည်း နိုင်ငံတကာအရေးယူရန်နှင့် တရားမျှတမှု ဖော်ဆောင်ရန် အရေးကြီးကြောင်း ၎င်းက တောင်းဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




