ဒီကနေ့ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်ဘက်က ၁၂ ဦး သေဆုံးကာ လက်နက်မျိုးစုံ ၂၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကို က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- TNLA ဆုတ်ခွာမယ့် မိုးကုတ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေအားလုံးက ပူးပေါင်းကာကွယ်မယ်လို့ ကြေညာချက်တွေ ဆက်တိုက်ထုတ်ပြန်နေတာကိုလည်း တွေ့ရပါတယ်။
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၁၆ ဦး သေဆုံးပြီး စစ်သားအလောင်းတချို့ ၊ သေနတ် ၁ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ နွေဦးအောင်ပွဲ (တော်လှန်ရေး အင်အားစု) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက်စစ်တပ်ရဲ့ ဝါဒဖြန့် “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” အလိမ်အညာဇာတ်လမ်းအပေါ် ဝေဖန်တဲ့ပို့စ်ကို Love React ပေးခဲ့တဲ့ ဒါရိုက်တာ အောင်ချမ်းလူကို စစ်တပ်က ဖမ်းဆီးလိုက်တာ ကြောင့် ဖမ်းဆီးခံရတဲ့ အနုပညာရှင် ၄ ဦးအထိ ရှိလာတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




