30 C
Yangon

တွန်းဇံမြို့နယ်တွင် ရွေးကောက်ပွဲလုပ်နိုင်ရေးအတွက် စစ်တပ်က လက်အောက်ခံ ZRA တပ်ဖွဲ့ကို လက်နက်ခဲယမ်းဖြည့်တင်းပေးနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်တွင် ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် အကြမ်းဖက် စစ်တပ်က ၎င်း၏လက်အောက်ခံ ZRA တပ်ဖွဲ့ကို လက်နက်ခဲယမ်းများ ဖြည့်တင်းပေးနေကြောင်း ချင်းတော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာ ၂၉ ရက်နေ့အထိ စစ်ကိုင်း တိုင်း၊ ကလေးမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်၊ လက်နက်ငယ် အလက် ၅၀ ကျော်၊ ကျည်ဆံ ၁၅၀၀၀ ကျော်နှင့် ဒရုန်း ၅ စီးခန့်ကို ချင်း ပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းအတွင်းသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပြီး အင်အားဖြည့်တင်းကာ လက်အောက်ခံ ZRA တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

“စကမက ကလေးကနေ တီးတိန်မှာအခြေစိုက်တဲ့ ခလရ ၂၆၉ ကို အောက် တိုဘာလ ၂၇ ရက်နေ့ ၂၉ ရက်နေ့အထိ အင်အား ၁၀၀ လောက်ထပ်ဖြည့်တယ်၊ ထပ်ဖြည့်ပြီးတော့ လက်နက်ငယ် ၅၀ ကျော် ပြီးတော့ ကျည်ဆံ ၁၅၀၀၀ ကျော် ၊ ဒရုန်းက ၅ ခုလောက် ကို ပို့ထားတယ်။ အဲဒီဟာတွေကို ZRA ဆီ ကို သူတို့က လွှဲပြောင်းပေးတယ်။” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ ၌ ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်တို့၌ ကျင်းပမည်ဟု‌ ကြေညာထားခြင်းဖြစ် ပြီး ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၃ ခုတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ချင်းပြည်ကောင် စီက သိမ်းပိုက်ထားသည့် တွန်းဇံမြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန် လက်အောက်ခံ ZAR တပ်ဖွဲ့ကို အင်အားဖြည့်တင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

“ZRA ကိုဘာကြောင့် လွှဲပြောင်းပေးလဲဆိုတော့ စကမက ချင်းပြည်နယ်ထဲက ၃ မြို့နယ်မှာရွေး ကောက်ပွဲလုပ်ချင်တဲ့အခါကျတော့ ချင်းလန့်ကောင်စီက သိမ်းထားတဲ့ တွန်းဇံကို ပြန်သိမ်းယူနိုင်ဖို့ အတွက် ZRA ကို ကူညီပေးတာ။ ZRA ကို ကူညီတယ်ဆိုတာက ZRA ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ သူ တွေက အခုရွေးကောက်ပွဲမှာ ပါဝင် နေတာ၊ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်လဲဆိုတော့ Zomi National Party ဆိုတဲ့ ZNP ကနေ ကိုယ်စားလှယ်လောင်း ၄၀ ထွက်ထားတယ်။ အဲဒီမှာ ZRA ခေါင်း ဆောင်ပိုင်းမှာဆိုရင် ပေါက်လူးမင်းထန်ပေါ့၊ ပေါက်လူးမင်းထန်က အရင်က ချင်းပြည်နယ် လူမှုရေး ဝန်ကြီး တာဝန်ယူခဲ့တဲ့ တစ်ယောက်၊ ပြီးတော့ ကျင်ငိုက်မာန်လ်လည်း အမျိုးသားလွှတ်တော် အမတ် ဟောင်းဖြစ်ခဲ့တယ်။ သူတို့တွေပါဝင်မယ်ဆိုတော့ အခုဟာက ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် ZNP ရယ် ၊ ZRA ရယ် ၊ စကမ တို့ ၃ ဖွဲ့ ပူးပေါင်းပြီးတော့ တွန်းဇံကို ပြန်သိမ်းယူချင်တဲ့သဘော ဖြစ်ပါ တယ်။” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

ZRA တပ်ဖွဲ့သည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပူးပေါင်းကာ ချင်းပြည်နယ်၊ တွန်းဇံမြို့ နယ် အတွင်းရှိ တော် လှန်ရေးတပ်ဖွဲ့များကို တိုက် ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသနေပြည်သူများကို ဖမ်းဆီးနှိပ်စက်ခြင်းတို့ လုပ် ဆောင်နေသဖြင့် CNA ၊ CDF တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article