26 C
Yangon

ကလေးမြို့ ဆက်သွယ်ရေးတပ်မှ တပ်ကြပ် ၁ ဦး ရခိုင်သို့ အပို့ခံရသဖြင့် ထွက် ပြေးလာပြီး PDF တပ်ဖွဲ့ထံတွင် အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ဆက်သွယ်ရေးတပ်မှ တပ်ကြပ် ၁ ဦးမှာ ရခိုင်စစ် မြေပြင်သို့ ပို့ဆောင်ခံရသဖြင့် ထွက်ပြေးလာကာ PDF တပ်ဖွဲ့ထံတွင် အလင်း ဝင်ရောက်ခဲ့ကြောင်း မုံရွာမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အေက်တိုဘာလ ၂၉ ရက်နေ့တွင် ကလေးမြို့ ဆသရ ၆ မှ တပ်ကြပ် ၁ ဦးသည် ရခိုင်သို့ ပို့ဆောင်ခံရသဖြင့် ထွက်ပြေးလာကြောင်း၊ သေနတ်ယူဆောင်လာခြင်းမရှိဘဲ မုံရွာမြို့နယ်ပကဖ အမှတ် ၂ တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ နှင့် ချိတ်ဆက်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သေနတ်မပါဘူး။ ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး ဒီဘက်နဲ့ ချိတ်ဆက်တာပါ။ မြေပြင်ချိတ်ဆက်မှုပါပဲ။ စစ်လက်နက်မပါတဲ့အတွက် ငွေကြေး ချီးမြှင့်ဖို့ မရှိပါဘူး။ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်မှုရှိ၊ မရှိ စစ်ဆေးပြီးရင် သူဆီက တန်ဖိုးရှိတဲ့ သတင်းအချက်အလက်ရရှိရင်တော့ ထောက်ပံ့ပေးဖို့ရှိပါတယ်။ အလင်းဝင်ကြပါ။ အသက်ကို အန္တရာယ်မပြုပါဘူးဆိုတာ အာမခံပါတယ်။ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ရင်တော့ သက်ဆိုင်ရာ တရားစီရင်မှုခံယူရပါမယ်။ ပြစ်ဒဏ်ခံယူပြီးရင်တော့ သာမန်လူလိုပဲ ပြန်လည်နေထိုင်နိုင်ပါတယ်” ဟု မုံရွာမြို့နယ် ပကဖ တာဝန်ခံက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်ထံမှ အလင်းဝင်ရောက်လိုသူများကို ကြိုဆိုနေပြီး အလင်းဝင်သူများကို ရိုက်နှက်ခြင်း၊ အကြမ်းဖက် နှိပ်စက်များ မရှိဘဲ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှုမရှိလျှင် ၎င်းတို့ ဆန္ဒအတိုင်း ဆက်လက် ဆောင်ရွက်ပေးပါမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပကဖ တာဝန်ခံက ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article