26 C
Yangon

ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ့နေအိမ်များကို ဒရုန်းဖြင့် ဗုံးကျဲမှုကြောင့် နေအိမ် ၁၅ လုံးမီးလောင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ငါ့သရောက် ရဲစခန်းမှ အင်အား ၁၀၀ ခန့်ဖြင့် အိုရင်းကျေးရွာဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကန်နပေါက် ကျေးရွာ အနီးပတ်ဝန်းကျင်သို့ ရောက်ရှိလာချိန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်တပ်စစ်ကြောင်း ပျက်သွား ပြီး ဖရိုဖရဲဖြစ်ကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။

“RPG ၊ အီနာဂါ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ စခ စစ် ကြောင်း ပျက်ပြီး ခြေဦး တည်ရာတခြားရွာတွေဘက်ကို ထွက်ပြေးသွားကြတယ်။ အခုလောလော ဆယ်တော့ ငါ့သရောက်ရဲစခန်းထဲမှာ ပြန်စုနေပြီ။ အထိနာတော့ အိုရင်းရွာထဲကို ဒရုန်းနဲ့ဗုံးကျဲတာ နေအိမ် ၁၅ လုံး ပြာကျသွားပါတယ်” ဟု ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံ ကိုဇီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၁၈ ဦးကို ညောင်ဦးမြို့နယ်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊ ယင်းနောက် စစ်တပ်က ဒရုန်းဖြင့် မီးလောင်ဗုံးများကို အိုရင်းရွာထဲသို့ ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ် ၁၅ လုံးမီးလောင်ပြာ ကျခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို ညောင်ဦးခရိုင် ပကဖ – ပုဂံ ပြည်ဘီလူးတပ်)မှ တပ်ခွဲမှူး ရဲဘော် မင်းခန့် နှင့် ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး အဖွဲ့ ခေါင်းဆောင် ရဲဘော် ရန်ရန်တို့က ဦးဆောင်ကာ ငါ့သရောက် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ Popa Production Guerrila Force (PPGF) ၊ Garuda Secret Force (ပုဂံ-ဂဠုန်တပ်)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တပ်ကူအဖြစ် ညောင်ဦးခရိုင် အမှတ် ၁ တပ် ရင်း ၊ ညောင်ဦး ခရိုင် အမှတ် ၅ တပ်ရင်း နှင့် ညောင်ဦး ခရိုင် ပကဖ တို့က လာရောက်အကူအညီပေးခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article