ဒီကနေ့ အောက်တိုဘာ ၃၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ် ထိန်းချုပ်ထားတဲ့ မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်က ငွေတော်ကြည်ကုန်းရပ်ကွက် အတွင်းမှာရှိတဲ့ နေအိမ် အလုံး ၅၀၀ ကျော်နဲ့ ဘုန်းကြီးကျောင်းတွေကို ကျူးကျော်လို့ပြောပြီး စစ်တပ်နဲ့ စည်ပင်က အင်အားသုံး ဖျက်ဆီးသွားပြန်တယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
- မြန်မာ့နိုင်ငံရဲ့ အခြေအနေတွေ ပိုမိုဆိုးရွားနေပြီး ကပ်ဘေးပုံစံဖြစ်လာနေပေမယ့်လည်း နိုင်ငံတကာက မြန်မာစစ်တပ်ကို အရေးယူတုံ့ပြန်ဖို့ ပျက်ကွက်နေတယ်လို့ ကုလလူ့အခွင့်အရေး ကိုယ်စားလှယ်က ကုလု အစည်းအဝေးအတွင်း ဝေဖန်ပြစ်တင်ပြောဆိုလိုက်ပါတယ်။
- အကြမ်းဖက် စစ်တပ်က ရခိုင်လူမျိုး Rapper အဆိုတော် ဇွဲပြည့်ပိုင် ဆိုသူကို အာရက္ခတပ်တော် AA ဆီ ထောက်ပို့တယ်ဆိုပြီး ခန္ဓာကိုယ်ကို လျှပ်စစ်နဲ့ ရှော့တိုက်တာတွေ ၊ သေနတ်ဒင်နဲ့ ရိုက်နှက်တာတွေ ၊ ရင်ဘတ်ကို စစ်ဖိနပ်နဲ့ နင်းကန်တာတွေ ၊ ရေနှစ်တာတွေအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ကြော ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ အဆိုတော်ဇွဲပြည့်ပိုင် ကိုယ်တိုင်က ရန်ကုန်ခေတ်သစ်ကို ပြောထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




