26 C
Yangon

ဖရူဆို နှင့် ဒီးမော့ဆိုမြို့နယ်ရှိ တောင်သူလယ်သမားများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၄

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများကို အကြမ်း ဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNDF ဗဟိုက ထုတ်ပြန်သည်။

အောက်တိုဘာလအတွင်း၌ ဖရူဆိုမြို့နယ်တွင် တောင်သူလယ်သမားများက စိုက်ပျိုးသီးနှံများရိတ် သိမ်းနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကာ မော်တော် ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာနှင့် ဒေါညေခူကျေးရွာ အကြား၌ စပါးရိတ်သိမ်းနေသည့် တောင်သူများအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုး သမီး ၁ ဦး ဘယ်ဘက်လက် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ လောလျာခူကျေးရွာအနီး စပါးရိတ် သိမ်းနေသည့် နေရာသို့ အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦး ဘယ်ဘက်လက်မောင်း ထိ မှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်၊ ဒေါကူးခူကျေးရွာအနီးရှိ လယ်ကွင်းထဲ၌ စပါး ရိတ်သိမ်းနေသည့် တောင်သူလယ်သမားများကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာအနီး၌ အကြမ်းဖက်စစ်‌ ကောင်စီတပ်က ဒရုန်းဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ ဆိုလျားကူးနှင့် ဒေါကူးခူကျေးရွာ စိုက်ကွင်းအနီး စပါးသယ်ဆောင်နေသည့် ရွာသားများကို အကြမ်းဖက်စ်စတပ်က ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အမျိုးသား ၁ ဦး ခြေထောက်နှစ်ဖက် နှင့် ဦးခေါင်း ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး စပါးရိတ်သိမ်းနေသည့် ဒေသနေ ပြည်သူများအား အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်တွင်လည်း အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ အကြမ်းဖက်စစ်‌ ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ စပါးခြွေစက်တစ်စီပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ပဒိုငံကျေးရွာအနီး စစ်ကောင်စီတပ်က ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသနေရွာသား ၁ ဦး သေဆုံးကာ ၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာနှင့် ဒေါကလိုးခူ ကျေးရွာ အကြားရှိ လယ်စိုက်ကွင်းများ၌ စပါးရိတ်သိမ်းနေသော ဒေသနေပြည်သူများအား အကြမ်း ဖက်စစ်ကောင်စီတပ်က ဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စပါးခြွေစက် ၁ စီးနှင့် စပါးအချို့ ထိခိုက် ပျက်စီးခဲ့ပြီး လူများမှာ ထွက်ပြေးနိုင်ခဲ့၍ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါပေါ်ကလဲနှင့် ပါဒေါဒူကျေးရွာအနီး လယ် ကွင်းများအတွင်းသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ယင်း တိုက်ခိုက်မှု အတွင်း၌လည်း လူထိခိုက်မှုများ မရှိကြောင်း သိရသည်။

အောက်တိုဘာလအတွင်း ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့ရှိ ဒေသနေ တောင်သူလယ်သမား များက စိုက်ပျိုးသီးနှံများ ရိတ်သိမ်းနေသည့် လုပ်ငန်းခွင်များကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကို ခပ်စိပ်စိပ် ပြုလုပ်နေခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်လည်း စဉ်ဆက်မပြတ်တိုက်ခိုက်လျက်ရှိကြောင်း KNDF ဗဟိုက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးပစ်မှတ် မဟုတ်သော အရပ်သား ပြည်သူများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိသတိဖြင့် သွားလာ လုပ်ကိုင်ကြပါရန် ဆက်လက်တိုက်တွန်း ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article