ဒီကနေ့ နိုဝင်ဘာ ၅ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းမြို့မှာ လက်ရှိ ဝန်ကြီးချုပ်ရာထူး ရယူထားသူ ကြံ့ဖွတ်ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ညိုစောကို မဲပေးဖို့ဆိုပြီး ညိုစောရဲ့ သားသမီးပိုင်ကုမ္ပဏီတွေက ဝန်ထမ်းတွေကို လစာအပြည့်၊ နေစားစရိတ်ငြိမ်းနဲ့ ကိုကိုးကျွန်းကို ယာယီပြောင်း ရွှေ့ခိုင်း နေတယ်လို့ ပြောင်းရွှေ့ရာမှာ ပါဝင်တဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ မိသားစုအသိုင်းအဝိုင်းက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးပြီး ရွေးကောက်ပွဲမှာ မဲလာထည့်ဖို့အတွက် အိမ်ထောင်စုစာရင်း လိုက်ကောက်နေတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံပြည်သူတွေနှင့် စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို ၃ ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၁၃ ယောက်သေဆုံးပြီး လက်နက်တချို့နှင့် စစ်သား အလောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




