30 C
Yangon

ဒီမိုကရေစီကူးပြောင်းရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို မပျက်မကွက်လိုက်နာဆောင်ရွက်ရေး နိုင်ငံ ရေးသမားများနှင့် ပြည်သူများ သိရှိထားရန် လိုအပ်မည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က ခြိမ်းခြောက်ပြန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပျက်မကွက်လိုက်နာဆောင်ရွက်ရန် နိုင်ငံရေးသမားများနှင့် ပြည်သူများ သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုသည်။

ယမန်နေ့ ပြုလုပ်သော ၂၀၂၅ အကယ်ဒမီပေးပွဲ အခမ်းအနားတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုခြင်းဖြစ်ပြီး အကယ်ဒမီပေးပွဲနှင့်မသက်ဆိုင်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံရေးသမားများနှင့်ပြည်သူများက လိုက်နာရမည်ဟု မင်းအောင်လှိုင်က ထည့်သွင်း ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုင်ဇေးရှင်းပုံစံမှာ ဒီမိုကရေစီစံနှုန်းများကို အခြေပြုစတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပကတိအခြေအနေဖြင့် လူမှုစီးပွားဖြစ်ထွန်းမှုများ၊ သမိုင်းကြောင်းတစ်လျှောက် ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးဓလေ့ဖွံ့ဖြိုးမှုများအပေါ် အခြေခံစဉ်းစား ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းပြီးပုံစံ (Imposed Transition) ဖြင့် ကူးပြောင်းခဲ့ရသည့် ပြောင်းလဲမှုဖြစ်စဉ်ပင်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်များအတွက် မပျက် မကွက် လိုက်နာဆောင်ရွက်ရမည့် အသက်ခန္ဓာကြီးတစ်ခုဖြစ်သည်ကို နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကြသည့် ပုဂ္ဂိုလ်များနှင့် ပြည်သူအားလုံးက သိရှိထားရန် လိုအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။

ဗဟိုဦးစီးအုပ်ချုပ်ရေးစနစ်ကနေ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကူးပြောင်းရာတွင် ချက်ချင်းလက်ငင်းပြီးပြီးရောပြောင်းလဲပေး၍မရဘဲ အဆင့်ဆင့်ကူးပြောင်းရခြင်းကို ဒီမိုကရက်တိုင်ဇေးရှင်းဟု ခေါ်ဆိုကြခြင်းဖြစ် ကြောင်း၊ ယင်းအဆင့်ကို ရောက်ရန်ဆိုပါက မိမိတို့လူ့အဖွဲ့အစည်းအားလုံးက ပကတိအခြေအနေကို မျက်နှာမူကြရပါကြောင်း၊ လက်တွေ့မကျသည့် ဆွဲဆောင်စည်းရုံးမှုများကို အများအကြိုက် လှုံ့ဆော်နှိုးဆွပေး၍ မရသကဲ့သို့ မိမိတို့၏ စိတ်ဆန္ဒများကို ရှေ့တန်းတင်၍ ချဉ်းကပ်၍လည်း မဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တိုင်ဇေးရှင်းအခြေတည်ရာ လူ့အဖွဲ့အစည်း၏ လူမှုစီးပွားအနေအထားများ၊ လူမှုအုပ်စုများ၏ စုဖွဲ့ဖြစ်တည်ပုံများနှင့် နိုင်ငံရေးယဉ်ကျေးမှုတို့၏ အပေါ်တွင်သာ အခြေခိုင်ခိုင်ဆောင်ရွက်ရသည့် သဘောရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ဆက်လက်ပြောဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်က လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းရယူထားသည့်အပြင် ကာကွယ် ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို စစ်တပ်က ထိန်းချုပ်ထားကြောင်း၊ အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍတွင် စစ်တပ်က ဦးဆောင်ပါဝင်ရမည်ဟုပါ ဆက်လက် ပြဋ္ဌာန်းထားကြောင်း၊ ယင်းအပြင် အခြေခံဥပဒေကို စစ်တပ်ကိုယ်စားလှယ်များက သဘောတူညီချက်မရှိဘဲ ပြင်ဆင်နိုင်ခွင့်မရှိစေရန် ရေးဆွဲထားကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူးများက ထောက်ပြပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article