33.5 C
Yangon

နွေဦးတော်လှန်ရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော

Must read

ရန်ကုန်၊ မေ ၅

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသော အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေပြီး ရှင်းလင်းသော နိုင်ငံရေး အနာဂတ်တစ်ခုအတွက် အားလုံး စုစည်းမိကြရန် မျှော်လင့်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုလိုက်သည်။

မေလ ၄ ရက်နေ့ ထုတ်ပြန်သော The Diplomat သတင်းစာနှင့်တွေ့ဆုံမေးမြန်းခန်းတွင် AA စစ်ဦးစီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ကျနော်တို့ သူတို့ကို လေး စားပါတယ်။ တခြား အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ အားလုံးက ရှင်းလင်းတဲ့ နိုင်ငံရေး အနာဂတ်တစ်ခုအတွက် စုစည်းမိကြဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အခု အခြေအနေကတော့ ခန့်မှန်းရခက်နေတုန်းပါပဲ။ မြန်မာစစ်တပ်က ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် သွေးထွက်သံယိုမှုတွေ ပိုရှိလာနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က ပြည်သူများကို ဗုံးကျဲမှုများရှိနေကြောင်း၊ ဗုံးကျဲမှုများရှိနေချိန်တွင် နိုင်ငံရေး ဆွေးနွေးမှုများ လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ စစ်တပ်က အင်အားအသာဖြင့် ဖိအားပေးသော နည်းလမ်းကို အသုံးပြုနေကြောင်း သူက ပြောဆိုသည်။

“နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာနဲ့ တည်ငြိမ်မှုရှိတာဟာ လူတိုင်းရဲ့ အကျိုးစီးပွားပါပဲ။ ကျနော်တို့ နိုင်ငံရေးအရ ရင့်ကျက်ဖို့ လိုပါတယ်/ အရပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးက ကျနော်တို့ရဲ့ ဦးစားပေးပါ။ အရပ်သားတွေကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ဖို့ နည်းလမ်းမှန်သမျှကို ရှာဖွေနေပါတယ်။ ဒါဟာ ခက်ခဲပါတယ်။ ဒီလေ ကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ သိပ်ပြီးတော့ ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စပါ။ ဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဗုံးကြဲနေသမျှ ကာလပတ်လုံး ကျနော်တို့အတွက် နိုင်ငံ ရေးဖြစ်စဉ်တွေကို ဆွေးနွေးဖို့က အလွန်ခက်ခဲနေဦးမှာပါ။ စစ်ကော်မရှင်က အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာ။ ဒါပေမဲ့ ကျနော်တို့ကတော့ အဲဒီလို ဖိအားမျိုးကို အလျော့ပေးမှာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက်ပြောဆိုသည်။

AA နှင့်မြန်မာစစ်တပ်အကြား ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရေး တရုတ်နိုင်ငံက ဖိအားပေးမှုမဟုတ်ဘဲ တည်ငြိမ်စေချင်၍ ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် ၎င်းတို့၏အကျိုးစီးပွားကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားမည်ဖြစ်ကြောင်း၊ ယင်းမှာ နိုင်ငံတိုင်းက လုပ်ဆောင်သော အရာပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆက်လက် ပြောဆိုသည်။

နွေဦးတော်လှန်ရေး၏ ရလဒ်နှင့်ပတ်သက်၍ AA တစ်ဖွဲ့တည်း၏ မျှော်လင့်ချက်ဖြင့် ဆုံးဖြတ်၍ မရကြောင်း၊ မြန်မာပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အဆိုးဆုံးကို ပြင်ဆင်ထားရမည်ဖြစ်​ေကြာင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

“နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို AA တဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့ ဆုံးဖြတ်လို့ မရပါဘူး။ ဗမာပြည်မက ပြည်သူတွေ၊ သူတို့ရဲ့ ပြဿနာတွေနဲ့ ဒေသတွင်း ဖြစ်ပျက်နေတာတွေ အစရှိတဲ့ တခြားအချက်တွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ သူတို့ရဲ့ အခြေအနေတွေကို ကျနော်တို့ အပြည့်အဝ လေးစားပါတယ်။ ကျနော်တို့မှာ သူတို့နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို စိတ်တူကိုယ်တူ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးထားပါတယ်။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး ပြီးဆုံးသွားတာကို မြင်ချင်သလို ရေရှည်တည်တံ့မယ့် ဖြေရှင်းချက်တစ်ခုကို ရှာဖွေချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ဟာ အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားသင့်ပါတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုသည်။

ဓာတ်ပုံ- The Diplomat ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article