26.1 C
Yangon

အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန်လည်ရရှိရေး ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ

Must read

ရန်ကုန်၊ မေ ၁၂

ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန် လည်ရရှိရေး ညှိ နှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံခဲ့ကြောင်း နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ လာရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝမ်ယိထံသို့ ရခိုင်အရေးနှင့်ပတ်သက်၍ တရားဝင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၏ အကျိုး စီးပွားများနှင့် ဆက်စပ်နေသဖြင့် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိရေး အကူအညီပေးရန် မင်းအောင် လှိုင်က တရုတ်နိုင်ငံခြားရေးဝမ်ယိထံသို့ တင်ပြခဲ့ကြောင်း၊ ရခိုင်ပြည်မှ မြို့များကို ပြန်လည်ရရှိရေးအတွက်လည်း အကူအညီများပေးပါရန် မင်းအောင်လှိုင်က တရားဝင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာအတွက် လုပ်ဆောင်မှုများကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်လုံခြုံရေးများအတွက် တတ်စွမ်းသမျှ အကူအညီပေးသွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာမီကာလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန် ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article