25.7 C
Yangon

စလင်းမြို့နယ် ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မေ ၁၄

မကွေးတိုင်း၊ စလင်းမြို့နယ် ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ ဒုတာဝန်ခံ ဒေါင်းသွေးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့တွင် စလင်းမြို့နယ် အခြေစိုက် ခလရ ၂၅၅ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၂ ဦးသည် သေနတ်နှင့် ခဲယမ်းများယူလာပြီး အာဠာဝက မြို့ပြပြောက် ကျားတပ်ဖွဲ့ထံသို့ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာခဲ့ကြောင်းသိရသည်။

ထို စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် MA- 1 သေနတ် ၁ လက်၊ ကျည်ဘောက် ၆ ခု နှင့် ကျည် ၁၂၀ တောင့်တို့ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စလင်းမြို့နယ်တွင် အခြေစိုက်သည့်ခလရ ၂၅၅ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ၂ ဦးပါ။ အလင်းဝင်ရောက်လာတဲ့သူတွေက စစ်မှုထမ်းအပတ်စဉ်ကတော့ အပါတ်စဥ် ၁၉ ၊ ၁၇တို့ စစ်မှုထမ်း သင်တန်းကို တက်ရောက်ခဲ့ပြီး၊ စစ်မှုထမ်း သင်းတန်းကျောင်းကို တောင်ကြီးနှင့် မွန်ပြည်နယ်တို့တွင် တက်ရောက်ခဲ့တယ်လို့ သိရတယ်။ အလင်းဝင်ရောက်လာတဲ့ ၂ ဦးကို စစ်ခွေးတွေ ပေါ်တာဆွဲ ဖမ်းဆီးတာက တစ်ယောက် ထိုင်းကနေ အလုပ်ပြီး ပြန်တာကို လမ်းမှာ အဆွဲခံရတာပါ။ နောက်တစ်ယောက် လမ်းမှာ ပေါ်တာအဆွဲခံရတာပါ။ အလင်းဝင်ရောက်လာတဲ့သူကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ရှိပါတယ်”ဟု အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ မှ ဒုတာဝန်ခံ ဒေါင်းသွေးကပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်အတွင်း အတင်း အဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရသူများ အနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ဆက်သွယ်ကြရန်နှင့် နွေးထွေးစွာ ကြိုဆိုသွားမည်ဖြစ်ကြောင်း အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့က အသိးပေးနှိုးဆော်ထားသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ်အထိ အကြမ်းဖက် စစ်တပ်မှ အလင်းဝင် ပူးပေါင်းသူ၊ လက်နက်ချသူ နှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article