28 C
Yangon

ပန်းတနော်တွင် မြို့နယ်တရားသူကြီး ချိုမို့မို့၊ စခန်းမှူး ရဲအုပ် ဝင်းမြင့်၊ ဒုရဲအုပ်များ ပူးပေါင်း၍ အမှုများကို လာဘ်ပေးလာဘ်ယူ လုပ်ကာ မတရားငွေညှစ် အမိန့်ချနေ

Must read

ရန်ကုန်၊ မေ ၂၅

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်တရား သူကြီး ချိုမို့မို့၊ စခန်းမှူး ရဲအုပ် ဝင်းမြင့်၊ ဒုရဲအုပ်များ ပူး ပေါင်း ၍ အမှုများကို လာဘ်ပေးလာဘ်ယူ လုပ်ကာ မတရားငွေညှစ် အမိန့်ချနေကြောင်း အမှုသည်များနှင့် အမှု လိုက်ရှေ့နေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပန်းတနော်မြို့နယ်တရားသူကြီး ချိုမို့မို့က မြို့နယ်တရားရုံးသို့ တက်လာသည့် အမှုတွဲများအားလုံးကို ရဲများနှင့်ပူးပေါင်း၍ ငွေညှစ်ခြင်း၊ ငွေရှာခြင်းများ အကြီး အကျယ် ကျူးလွန်နေကြောင်း၊ ပန်းတနော်မြို့နယ် တရားရုံးတွင် ရဲအရေးပိုင်သည့် အမှုများကို ဒုရဲအုပ်ရဲဇော်အောင်၊ ဒုရဲအုပ် ဝေဝေလှိုင်၊ နယ်ထိန်း ဇော်လတ်၊ စခန်းမှူး ရဲအုပ် ဝင်းမြင့်တို့က တရား သူကြီး ချိုမို့မို့နှင့်ပူးပေါင်းကာ ငွေပေးနိုင်သူများကို အမှုအနိုင်ပေးနေကြောင်း သိရှိရသည်။

“ဘာအမှုဖြစ်ဖြစ် ငွေပေးနိုင်ရင် အနိုင်ပဲ။ ကိုယ့်အိမ်ထဲကို သူများက ကျူးလွန်ပြီး ဝင်ရိုက်သွားလို့ အမှုဖြစ်တာမှာ အရိုက်ခံရသူက တရားလိုကနေ တရားခံ ပြန်ဖြစ်သွားတယ်။ အဲဒီလောက်အထိ ငွေညှစ် လာဘ်ပေးလာ်ယူလုပ်ပြီး အမှုတွေကို အနိုင်ပေးတာ” ဟု ရှေ့နေတစ်ဦးက ရှင်းပြသည်။

ယင်းအပြင် ပန်းတနောမြို့နယ်တရားရုံးသို့ ရောက်ရှိလာသည့်အမှုများအားလုံးကို ငွေမပေးပါက တရားလိုများပင်ဖြစ်လင့်ကစား အပြစ်မရှိ အပြစ်ရှာကာ အမှု၏ အသွားအလာများကို ပြောင်းလဲကြောင်း၊ တစ်ဖက်တွင်လည်း တရားခံများကို ခေါ်ယူတွေ့ဆုံ ငွေတောင်းပြီး အမှုကို တရားခံဘက်မှ အသာရစေရန် လုပ်ဆောင်ပေးကြောင်း သိရှိရသည်။

“တရားရုံးမှာ ငွေမပေးသူကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်။ ကျမက အခွင့်အာဏာရ တရားသူကြီး ကြိုက်သလို လုပ်လို့ရတယ်။ တိုင်ချင်တဲ့နေရာတိုင်လို့ရတယ်။ စောက်ဂရုမစိုက်ဘူးလို့ အမြဲပြောတယ်။ စစ်ပြီးသား အမှုတွေကိုလည်း သူကြိုက်သလို ပြန်ပြင်တယ်။အမှုလိုက် ရှေ့နေတွေကိုလည်း သူ့ကို ငွေပေးတဲ့ ရှေ့နေမှပဲ တရားရုံးအဝင်အထွက်နဲ့ အမှုလိုက်ဖို့ အဆင်ပြေတယ်” ဟု ရှေ့နေတစ်ဦးက ရှင်းပြသည်။

ပန်းတနော်မြို့နယ်တွင် တာဝန်ကျခဲ့ဖူးသည့် တရားသူ ကြီးများတွင် တရားသူကြီး ချိုမို့မို့မှာ အဆိုးဆုံးနှင့် ဥပဒေမဲ့ဆုံးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း တရားသူကြီးက မြို့နယ်ရဲတပ်ဖွဲ့ကို လက်ကိုင်တုတ် အဖြစ် သုံးနေခြင်းကြောင့် အမှုအခင်းများမှာ အမှန်တရားပျောက်ဆုံးနေကြောင်း၊ သက်ဆိုင်ရာ ခရိုင်နှင့် တိုင်းတရားရုံးများသို့ တိုင်ကြားမှုတချို့ရှိသော်လည်း တိုင်စာမှာ မရောက်ရှိဘဲ လမ်းတွင် ပျောက်ဆုံးသည့် အခြေအနေတွင်ရှိနေကြောင်း သိရှိရသည်။

ပန်းတနော်မြို့နယ်တွင် တရားသူကြီး၊ ဥပဒေအရာရှိနှင့် မြို့နယ် ရဲတပ်ဖွဲ့က တစ်ပေါင်းစည်းတည်း ငွေညှစ်မှုများ လုပ်ဆောင်နေ၍ အမှုအခင်းများ ရင်ဆိုင်နေရသော ပြည်သူများ အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက သက်ဆိုင်ရာမြို့နယ်တရားရုံးနှင့် ရဲတပ်ဖွဲ့များကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ကြေညာထားသော လိုင်းဖုန်းများမှာ ခေါ်ယူ၍ မရရှိပေ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article