27 C
Yangon

စစ်တပ် အင်အား ၈၀ ကျော်ဖြင့် တပ်စွဲထားသော ခမရ ၄၃၃ ကျောက်လုံးကြီး ဗျူဟာကာကင်းစခန်းကို KNU နှင့် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်

Must read

ရန်ကုန်၊ မေ ၃၀

ကရင်အမျိုးသားအစည်းအရုံး (K.N.U)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ၊ မြိတ် -ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခမရ (၄၃၃) တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် ဗျူဟာကာကင်းအဖြစ် ပြန် လည်ဝင်ရောက်တပ်စွဲထားသော “လယ်ဖဒို (ကျောက်လုံးကြီး)” တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် (K.N.L.A) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၁၉ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန်မှစတင်၍ မြိတ်-ထားဝယ်ခရိုင်၊ လယ်မူလားမြို့နယ်၊ တနင်္သာ ရီချောင်းမကြီးနဘေးရှိ ကျောက်လုံးကြီးကျေးရွာအတွင်း နှစ်ပေါင်း ၂၀ ကျော် အခြေချတပ်စွဲထားသော အဆိုပါကျောက်လုံးကြီးတပ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ် ဖွဲ့များက အပြင်းအထန် တိုက် ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းနောက် ၁၀ ရက်အကြာ မေလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန် အဆိုပါ “လယ်ဖဒို (ကျောက်လုံးကြီး)” စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါစခန်းသည် စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်းစစ် ဌာနချုပ်၊ အမှတ် ၂ ဗျူဟာလက်အောက်ခံတပ်များက နှစ်ပေါင်း ၂၀ ကျော်ကြာ အခြေပြုတပ်စွဲခဲ့သည့် စခန်းကြီးတစ်ခု ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၄ နှင့် တော်လှန် ရေးမဟာ မိတ်ပူးပေါင်းတပ်များက စစ်ကောင်စီ၏ “အောင်သာဝရစခန်း” ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ်အတွင်း ထိုကျောက်လုံးကြီးစစ်ဗျူဟာစခန်းသည် စခန်းကို စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်း၊ သို့သော် လည်း နောက်ပိုင်းတွင် အဆိုပါစခန်း၌ စစ်ကောင်စီ၏ ခမရ ၄၃၃ တပ်ရင်းမှ အင်အား ၈၀ ကျော်ဖြင့် စစ်ရေးဗျူဟာကာကင်းတစ်ခုအနေ ဖြင့် ပြန်လည်ဝင်ရောက်ကာ အခြေပြုတပ်စွဲခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article