ကလေးတက္ကသိုလ် နှင့် ခိုင်ကမ်းမြို့ရဲစခန်းအနီး တစ်မိုင်ပတ်လည်အတွင်း နေ ထိုင်သူ ပြည်သူများ ပြောင်းရွှေ့ကြရန် CDF CDM Siyin က သတိပေးချက်ထုတ်ပြန်
ရန်ကုန် ၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်နှင့် ခိုင်ကမ်းမြို့ရဲစခန်း၊ ကလေးတက္ကသိုလ် မုခ်ဦးအနီး နေထိုင်ကြသော ပြည်သူများအနေဖြင့် မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမတိုင်မီ ပြောင်းရွှေ့ကြရန် Chin land Defense Force Siyin မှ သတိ ပေး ထုတ်ပြန်ထားသည်။
CDF CDM Siyin နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲရာနေရာများဖြစ်သည် ခိုင်ကမ်းမြို့ရဲ စခန်း၊ ကလေးတက္ကသိုလ် မုခ်ဦးအနီး အနည်းဆုံး တစ်မိုင်ပတ်လည်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ယနေ့ မေလ ၁၀ ရက် နံနက် ၁၀ နာရီထက်နောက်မကျစေဘဲ ပြောင်းရွှေ့ပေးပါရန် သတိပေးနှိုးဆော် ကြောင်း သတိပေးထားသည်။
ယနေ့ မေလ ၁၀ ရက် နံနက် ၁၀ နာရီနောက်ပိုင်း မပြောင်းရွှေ့ဘဲ ကျန်ရှိနေသော ပြည်သူများကို ထိ ခိုက်မှု တစ်စုံတစ်ခုရှိခဲ့ပါက တာဝန်ယူမည်မဟုတ်ကြောင်း အသိပေးထားသည်။