29 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို PDF က တိုက်ခိုက်သိမ်းပိုက် မီးရှို့ခဲ့သော်လည်း စစ်တပ်၏ လျှို့ဝှက်ကြေးနန်းတွင် ရဲစခန်း မကျဆုံးဟု လိမ်လည် အစီရင်ခံ၊ ဒုရဲအုပ်အပါအဝင် ရဲ ၅ ဦးသာ သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဇွန် ၁၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF များက တိုက်ခိုက် သိမ်းပိုက် မီးရှို့ခဲ့သော်လည်း စစ် တပ်၏ လျှို့ဝှက်ကြေးနန်းတွင် ရဲစခန်း ကျဆုံးခြင်းမရှိဘဲ ဒုရဲအုပ် အပါအဝင် ရဲ ၅ ဦးသာ သေဆုံးသည်ဟု လိမ်လည် အစီရင်ခံ ဖော်ပြထားကြောင်း သိရှိရသည်။

ဇွန်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၅၀ အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ညောင် ပင် ကြီးနယ်မြေရဲစခန်းကို PDF တပ်များက တိုက်ခိုက်ကြောင်း ၊ PDF အင်အား ၅၀၀ ဦးခန့်ဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခြင်းဖြစ်ပြီး ရဲစခန်း ကျသွားခြင်းမရှိစေရန် ရဲအုပ် ဇော်ထွန်းမြင့် ဦးစီးသော အင်အား ၂၀ က ပြန်လည် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကူများနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ၏ ပစ်ခတ်မှုကြောင့် PDF တပ်ဖွဲ့ဝင်များ ဇွန်လ ၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း စစ်တပ်၏ လျှို့ဝှက် ကြေးနန်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

“သိသလောက် PDF အင်အား ၁၀၀ ဝန်းကျင်လောက်ပဲရှိမယ်။ ရဲစခန်းကို ဝင်တိုက်တာက ။ အင်အား ၅၀၀ တော့မရှိပါဘူး။ စစ်တပ်အစီရင်ခံစာမှာ ရေးထားတာက သူတို့ အပြစ်မဖြစ်အောင် ပိုပြီး ချဲ့ကားရေးထားနေမယ်။ စခန်းထဲအထိ ရောက်တယ်။ စခန်းကိုပါ မီးရှို့ခဲ့တယ်။ သူတို့စခန်းကျ၊ မကျ ဗီဒီယိုတွေကြည့်ပါ” ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များထံ ပေးပို့သည့် လျှို့ဝှက် ကြေးနန်းအစီရင်ခံစာတွင် ညောပင်ကြီးစခန်း တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ကြပ် မျိုးသက်နောင်၊ ရဲတပ်ကြပ် သိန်းလတ်၊ ရဲတပ်သားအောင်ကိုကိုထက်တို့တွင် အသက်အန္တရာယ်စိုးရိမ်ရသော ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဒုရဲအုပ် ငြိမ်းဝေယံထွန်း၊ ရဲတပ်ကြပ်ကြီး ဘိုကျော်ဝင်း၊ ရဲတပ်ကြပ် တင်လင်းအောင်၊ ဒုရဲတပ်ကြပ် အောင်ရှိန်ဝင်း၊ ရဲတပ်သား ကျော်ထက်ဝေတို့ သေဆုံးကြောင်း ဖော်ပြထားသည်။

ထို့ပြင် လက်နက်ပျောက်ဆုံးမှုအနေဖြင့် BA-63 သေနတ်အမျိုးအစား ၆ လက်၊ MA-13 သေနတ် ၂ လက်၊ ၃၈ ဗို့ လေပစ် သေနတ် ၂ လက်စုစုပေါင်း သေနတ် ၁၀ လက်နှင့် လက်နက်ခဲယမ်းများ ပျောက်ဆုံးကြောင်းလျှို့ဝှက် ကြေးနန်းတွင်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article