28 C
Yangon

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်ကိုင်းနှင့် မြင်းမူရှိ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ စစ်ကိုင်းနှင့် မြင်းမူရှိ ရဲစခန်းနှင့် စစ်ကြောင်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းနှင့် စစ်ကြောင်းမှူးနေအိမ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ကြောင်း Myaung Special People Defence Force- MSPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်သားအများအပြားဖြင့် အထိုင်ချထားသည့် ကျောက်ရစ်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ် နေထိုင်ရာ ဆေးရုံအတွင်းရှိ နေအိမ်ကို Shar Htoo Wow နည်းပညာအသုံးပြု မောင်းသူမဲ့ လေယာဉ်ဖြင့် ၄၅၀ ဂရမ်အလေးချိန်ရှိ ဗုံးသီး ၂ လုံးကို ကျဲချတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးထက်နည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းမှူးက ရဲစခန်းထဲမှာ မနေဘူး၊ ဆေးရုံထဲမှာ နေတာ၊ 450 g ဗုံးသီး ၂ လုံး၊ 650 g ဗုံးသီး ၂ လုံး စုစုပေါင်း ဗုံးသီး ၄ လုံးကျခဲ့တာ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတော့ ရှိတယ်၊ ရဲဘော်တွေအား လုံးဘေးကင်းပါတယ်၊ ခွေးသေထိခိုက်သေဆုံးမှုကတော့ ၂ ဦးထက်နည်းဒဏ်ရာရတယ်လို့ပဲ သိရသေး တယ်၊ ထပ်မသိရသေးဘူး” ဟု Myaung Special People Defence Force- MSPDF တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Myaung Special People Defence Force- MSPDF၊ Wing of Arrawady တပ် ဖွဲ့၊ CHU PDF တပ်ဖွဲ့၊ မိတ္ထီလာခရိုင်တပ်ရင်း ၂ ၊ မိတ္ထီလာခရိုင်တပ်ရင်း ၃ ၊ မြင်းခြံခရိုင်တပ်ရင်း ၆ တပ် ခွဲ ၃ LPDF (စဉ့်ကိုင်) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ညောင်ပင်ဝန်းရဲစခန်းနှင့် မြင်းမူ မန်းကျည်းကန်ရွာရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၆ ရက်နေ့ နံနက် ၈ နာရီခန့်တွင် နဘဲကြူးကျေးရွာကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း နောက်ပြန် တပ်ခေါက်စေရန် နယ်​မြေခံ ကာကွယ်ရေး တပ်ဖွဲ့က အကူညီတောင်းခံမှုကြောင့် တိုက်နယ်စွန် PDF အဖွဲ့က နံနက် ၁၀ နာရီခန့်တွင် ညောင်ပင်ဝန်း စခန်းကို ၆၀ မမ လက်နက်ကြီး ၅ လုံး ၈၀ မမ လက်နက်ကြီး ၂ လုံးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် မန်းကျည်းကန်ရွာ မြောက်ပိုင်းကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်နယ်စွန် PDF က ၆၀ မမ လက်နက်ကြီး အလုံး ၂၀ နီးပါး ​ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

” ထိခိုက်သေဆုံးမှုတော့ အတည်မပြုနိုင်းသေးဘူး ရဲစခန်းနဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ် ဒီနေ့ နံက်နက်ပိုင်းကလည်း ဂုံညင်းဆိပ် ကျေးရွာကို ရောက်ရှိနေတဲ့ စစ်ခွေးစစ်ကြောင်းကို တိုက်နယ်စွန်PDF က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ သွားပေမယ့် နယ်မြေခံ ပကဖ က အပြစ်မခံလို့ ပြန်လည်ဆုတ်ခွာလာခဲ့တယ်” ဟု နယ်စွန် PDF ပြန်ကြားရေး ဒုတာဝန်ခံ စွန်နက် က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article