29 C
Yangon

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည်ဆိုသော သတင်းအချက် အလက် အတည်ပြုနိုင်ခြင်း မရှိဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ပြော

Must read

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည်ဆိုသော သတင်းအချက် အလက် အတည်ပြုနိုင်ခြင်း မရှိဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ပြော

■ လုပ်ကြံမှုနှင့် လိမ်လည်မှု အကြီးစားဖြစ်နိုင်ဟု မြန်မာ့အရေး လေ့လာသူ Igor Blazevic သုံးသပ်

ရန်ကုန်၊ ဇူလိုင် ၁၃

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုနေသော်လည်း ယင်းသတင်းနှင့်ပတ်သက်၍ အတည် ပြုနိုင်ခြင်းမရှိကြောင်း ရန်ကုန်ခေတ်သစ်၏ ယုံကြည်ရသော နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်သို့ ထိုင်းစစ်ဘက်ဆိုင်ရာ အထူးလေယာဉ်ဖြင့် လျှို့ဝှက် လာရောက်ခဲ့ပြီး အကြမ်းဖက် မင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့နှင့် တွေ့ဆုံခဲ့သည်ကို အတည်ပြုနိုင်သော်လည်း နေပြည်တော် အချုပ်ထောင်တွင် အကျဉ်းချခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသည်ဆိုသော သတင်းအပေါ် အတည်ပြုနိုင်ခြင်းမရှိဟု ပြောဆိုသည်။

“ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တပ်ချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံသွားခဲ့တာကတော့ အတည်ပြုလို့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့တယ်လို့တော့ သတင်းအချက်အလက်မရှိဘူး။ ဟိုဘက်က တွေ့တယ်ဆိုပြီး ထုတ်ပြန်တာတွေလည်း တွေ့ပေမယ့် ဒီဘက်မှာတော့ အဲဒါကို အတည် မပြုနိုင်ပါဘူး။ တွေ့ဆုံပွဲဖြစ်တယ်ဆိုတဲ့ သတင်းအ ချက် အလက် ရှိမနေပါဘူး။ အဲဒါကြောင့် ဘယ်လိုမျိုးတွေ့ဆုံသွားတာလဲဆိုတာကို အတည်ပြုလို့မရဘူးလို့ပဲ ပြောချင်ပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်သည် ခိုင်မာ ယုံကြည်ရသော နေပြည်တော် စစ်ဘက်သတင်းအရင်း အမြစ်ဖြစ်ပြီး ရန်ကုန်ခေတ်သစ်နှင့်တစ်လျှောက်လုံး လက်တွဲနေသည့် စစ်တပ်ထိပ်ပိုင်းဆိုင်ရာ သတင်းရင်းမြစ်တစ်ခုလည်းဖြစ်သည်။

မြန်မာ့အရေးလေ့လာသူ Igor Blazevic ကမူ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံသည်ဟု ပြောဆိုလာခြင်းသည် လုပ်ကြံမှုနှင့် လိမ်လည်မှု အကြီးစားဖြစ်နိုင်သည်ဟု သုံးသပ်ထားသည်။

“လက်ရှိ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်နှင့် မြန်မာစစ်အုပ်စုတို့သည် ဝါဒဖြန့်ဆရာကြီး Khaldon Azhari ၏အကူအညီဖြင့် တဆင့်မြင့် လိမ်လည်လှည့်ဖြားမှုများနှင့် မဟုတ်မမှန် လုပ်ကြံမှုများကို ပြုလုပ်နေပုံရသည်။ ဒွန် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အာဆီယံအစည်းအဝေးသို့ “သူမ၏ သဝဏ်လွှာ” ကို သယ်ယူလာခဲ့ ကြောင်း Khaldon Azhari နှင့် သူ၏ “Pan Orient News” မှ အရေးကြီးသတင်းအဖြစ် ထုတ်ပြန်ခဲ့သည်။ ဤ “အရေးကြီးသတင်း” ကို တကယ်ထင်မှတ် နေမည့်သူများအား အထူး၊ အထူးသတိထားရန် ကျွန်တော် သတိပေးပါသည်။ ဒါဟာ မြန်မာပြည်ရဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာမှ ပါဝင်ဆောင်ရွက်နေသူတွေကို အတုအယောင်တွေနှင့်ရိုက်ခတ်စေပြီး စစ်အုပ်စုအတွက် နိုင်ငံရေးအမြတ်ထွက်အောင် ဖန်တီးနေတာပါ။ ဒါက လိမ်လည်မှုအကြီးစားကြီး ဖြစ်နိုင်ပါတယ်” ဟု မြန်မာ့အရေးလေ့လာသူ Igor Blazevic က သုံးသပ်ရေးသားထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဇူလိုင်လ ၉ ရက်နေ့တွင် နေပြည်တော်သို့ စစ်ဘက်ဆိုင်ရာ အထူးလေယာဉ်ဖြင့် နေ့ချင်းပြန် လာရောက်ခဲ့ကြောင်း၊ ထိုသတင်းကို စစ်ကောင်စီက မထုတ်ပြန်ဘဲ လျှို့ဝှက်ထားခဲ့ကြောင်း သတင်းအကျယ်တဝင့် ဖော်ပြခဲ့သည်။

epa10278950 Thai Foreign Minister Don Pramudwinai talks to media during a press conference, after a signing ceremony of the joint plan of action to implement the Thailand-Australia strategic partnership at the Ministry of Foreign Affairs in Bangkok, Thailand, 01 November 2022. Australian Foreign Minister Penny Wong is in Thailand on a 2-day official visit. EPA-EFE/NARONG SANGNAK
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article