27 C
Yangon

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းရန် ရှိနေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ – IPCM က သတင်းသမား အားလုံးပါဝင်မှုကို ကိုယ်စားမပြုကြောင်း ရန်ကုန်ခေတ်သစ် အပါအဝင် သတင်းဌာန ၁၂ ခုက ကြေညာ

Must read

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းရန် ရှိနေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ – IPCM က သတင်းသမား အားလုံးပါဝင်မှုကို ကိုယ်စားမပြုကြောင်း ရန်ကုန်ခေတ်သစ် အပါအဝင် သတင်းဌာန ၁၂ ခုက ကြေညာ

ရန်ကုန်၊ ဩဂုတ် ၂၃

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းရန် ရှိနေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ – IPCM က သတင်းသမား အားလုံးပါဝင်မှုကို ကိုယ်စားမပြုကြောင်း သတင်းဌာန ၁၂ ခုက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် IPCM သည် သတင်းမီဒီယာကောင်စီတစ်ခုဖွဲ့စည်းရန် ဟုဆိုကာ သတင်းဌာနအချို့ကို ရွေးချယ် ဖိတ်ကြားပြီး ဩဂုတ်လ ၁၉၊ ၂၀၊ ၂၁ ရက် တို့တွင် ညီလာခံတစ်ခုကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ညီလာခံကို လွတ် လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး ( IMJA ) ကိုဖိတ် ကြား ခြင်း မရှိခဲ့သော်လည်း IMJA အဖွဲ့ဝင် မီဒီယာတိုက် အချို့ ဖိတ်ကြား ခံခဲ့ရသဖြင့် သတင်းမီဒီယာသမားအချို့သည် ညီလာခံကို တက် ရောက် ခဲ့ကြောင်း သိရှိရ သည်။

IMJA အဖွဲ့ဝင် သတင်းသမားများသည် သတင်းမီဒီယာကောင်စီဖွဲ့စည်းရေးကို သဘောတူညီမှုရှိသဖြင့် ညီလာခံတွင် တက်ကြွစွာဆွေးနွေးပြီး ကောင်စီ ဖွဲ့စည်းရေး ဆန္ဒခံယူခြင်းတွင် IMJA အဖွဲ့ဝင် သတင်းသမားများ အနေဖြင့် အပြည့် အဝထောက်ခံခဲ့ကြောင်း၊ IPCM ညီလာခံ တတိယမြောက်နေ့တွင် မိမိတို့သတင်းသမားများ၏ တက်ကြွစွာဆွေးနွေး ထားသည့် နှစ်ရက်တာ ဆွေးနွေးချက်များကို လျစ်လျှူရှုခြင်း၊ လွတ်လပ်သောသတင်းသမားများနှင့် သတင်းဌာနများ၊ လူမျိုးစုသတင်းသမားများ၊ ပြည်တွင်း/ပြည်ပသတင်းသမား များ နှင့် သတင်းမီဒီယာလောကသား အားလုံး ပါဝင်ရေးကို အာမခံ ချက် မပေး နိုင်ခြင်း၊ စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံများကြားမှ ခက်ခဲကြပ်တည်းစွာ ရှင်သန် ရပ်တည်ရေးအတွက် ကြိုးပမ်းနေကြသော လွတ်လပ်သည့်သတင်းမီဒီယာများ တိုးတက်ရေးကို ရှေးရှုမည့်အစား ထိန်းကျောင်းရန် မူများ မဖြစ်မနေချမှတ်ခြင်း၊ ကောင်စီ၏ ဖွဲ့စည်းပုံဆွေးနွေးမှု မပြီးပြတ်ဘဲ ကောင်စီရွေးကောက် ပွဲပြု လုပ်ရန် ဆုံးဖြတ်ခြင်းတို့ကြောင့် IMJA အဖွဲ့ဝင်သတင်းသမားများအနေဖြင့် ညီလာခံမှ နုတ်ထွက်ခဲ့ကြောင်း သိရှိရသည်။

IPCM သည်သတင်းသမားအားလုံးပါဝင်မှုကို ကိုယ်စားမပြုကြောင်း IMJA အဖွဲ့ဝင် အများစု မဲဆန္ဒနှင့် အတူ အောက်ဖော်ပြပါ သတင်းဌာနများကလည်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ – IPCM သည် သတင်းသမား အားလုံးပါဝင်မှုကို ကိုယ်စားမပြုကြောင်း IMJA နှင့်အတူ သတင်းဌာန ၁၂ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြောင်း သိရှိရသည်။

IPCM အနေဖြင့် သတင်းမီဒီယာသမား တစ်ဦးချင်းဆီ၏ ပြောရေးဆိုပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် ထင်မြင် ယူဆချက်များကို အလေးထားဆောင်ရွက်ရန်နှင့် ၎င်းတို့ အားလုံးကို ထင်သာမြင်သာရှိသော၊ ပွင့်လင်းမြင်သာသော ဖိတ်ခေါ် မှုများ ကို အားထုတ်ကြိုးပမ်းရန်လည်း IMJA က အလေးအနက်ထား တိုက် တွန်း ကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article