ကောလင်းမြို့တွင် စစ်ကောင်စီက စစ်ဘေးရှောင်ပြည်သူများကို မကူညီဘဲ သိမ်းဆည်းထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို NUG က တွေ့ရှိ၊ ပြည်သူများထံသို့ NUG က ပြန်လည် ဖြန့်ဝေပေး
ရန်ကုန်၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ လူမှုဝန်ထမ်း၊ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနက စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ပေးခြင်းမရှိဘဲ သိမ်းဆည်းထားသည့် ပစ္စည်းများကို တွေ့ရှိရသဖြင့် ယင်းပစ္စည်းများကို စစ်ဘေးရှောင်ပြည်သူများထံသို့ NUG က ဖြန့်ဝေလိုက်ကြောင်း NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် မဟာမိတ် တိုင်းရင်းသားအဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက် ရရှိခဲ့သော ကောလင်းမြို့ပေါ်တွင် အကြမ်းဖက် စစ် ကောင်စီ လက် အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် သို လှောင်ထား သည့် ကယ်ဆယ်ရေးပစ္စည်းများကို ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် စနစ်တကျ သိမ်းဆည်းပြီး စာရင်းရေးသွင်း မှတ်တမ်းတင်ထားရှိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရရှိသော အဝတ်အထည်၊ အသုံးအဆောင်ပစ္စည်းများ၊ အမိုးအကာ၊ မီးဖိုချောင်သုံး ပစ္စည်းများ နှင့် အခြားပစ္စည်းများသည် အရေးပေါ် အခြေအနေတွင် ကယ်ဆယ်ရေး အသင့်ပြုလုပ်နိုင်ရန် ရည်ရွယ် ချက်ဖြင့် သိုလှောင်ထားခြင်းဖြစ်သော်လည်း စစ်ကောင်စီ လူကယ်ပြန် ဝန်ကြီးဌာနက ကယ်ဆယ်ရေး ပစ္စည်း များကို စစ်တပ်ကြောင့် အတိဒုက္ခရောက်နေကြသည့် စစ်ဘေးရှောင်ပြည်သူများကို လုံးဝ ထောက်ပံ့ခြင်း မရှိခဲ့ဘဲ သိမ်းဆည်းထားခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့ပြင် လူကယ်ပြန်ဌာနက စစ်ကောင်စီထောက်တိုင်များနှင့် အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံ့ ထားသည့် အထောက်အထားများကိုလည်း သက်သေနှင့်တကွ သိမ်းဆည်းရရှိခဲ့ကြောင်း ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာန အနေဖြင့် ကောလင်းမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိမ်း ဆည်းရရှိထားသည့် ကယ်ဆယ်ရေးပစ္စည်းများကို လတ်တလော စစ်ဘေးရှောင်နေရသည့် ဒေသခံပြည် သူများကို ဖြန့်ခွဲ ထောက်ပံ့ပေးလျက်ရှိပြီး လူသားစာနာလုပ်ငန်းများ မြေပြင်တွင် လည်ပတ်ဆောင် ရွက် နိုင်ရေးအတွက်လည်း စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း သိရှိရသည်။
“စကစ လူကယ်ပြန်က ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို လိုအပ်တဲ့ ပြည်သူတွေ မပေးဘဲ ထိန်ချန်ထားတယ်။ ဒါ့အပြင် သူတို့ ကိုယ်တိုင်ကပါ စစ်တပ်ထဲ ရှောင်ရတယ်ဆိုပြီး စစ်တပ်ကို ထောက်ပံ့ကြေး သွားပေးနေတယ်။ လူကယ်ပြန် ဌာန အနေနဲ့ ပြည်သူတွေကို ကူညီရမယ့် အစား သူ့ငွေကြေးက စစ်တပ်ဒေါက်တိုင် အဖြစ် စီးဆင်းနေတယ်။ ဒီသက်သေကို ကြည့်ရင် လူကယ်ပြန်ကို နိုင်ငံတကာအနေနဲ့ aid တွေပေးနေတာဟာ စစ်တပ်ကို တစ်နည်းတစ်ဖုံထောက်ပံ့နေရာ ရောက်နေတယ် ဆိုတဲ့ သဘောမျိုးပဲ။ အကြမ်းဖက်စစ်တပ်ရဲ့ လူကယ်ပြန်ဌာနကို Humanitarian Aid တွေပေးနေတာဟာ အကြမ်းဖက်စစ်တပ်ကို တနည်းတဖုံနဲ့ ထောက်ပံ့ရာ ရောက်နေတယ်” ဟု NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။