27 C
Yangon

သံဃာနှင့် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ထားသည့် စစ်အာဏာသိမ်းမှု ကို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အဖြစ် အသွင်ပြောင်းလဲရန် စစ်ကောင်စီ အကောက် ကြံနေမှု လူထုက လုံး၀ လက်မခံတော့ပါ

Must read

အယ်ဒီတာ့အာဘော်

============

သံဃာနှင့် ပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ထားသည့် စစ်အာဏာသိမ်းမှု ကို ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အဖြစ် အသွင်ပြောင်းလဲရန် စစ်ကောင်စီ အကောက် ကြံနေမှု လူထုက လုံး၀ လက်မခံတော့ပါ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ စစ်အာဏာသိမ်းယူပြီးနောက် ကလေးငယ်များမှ စတင်၍ သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်သည်၊ အမျိုးသမီး၊ သံဃာတော်များပါ မကျန် ဖမ်းဆီးသတ် ဖြတ်ခဲ့ပြီး ထောင်သောင်းပေါင်းများစွာသော ပြည်သူများကို အကျဉ်းချ ညှဉ်း ပန်း နှိပ်စက်လျက်ရှိသည်။

စစ်အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း စစ်တပ်၏ ရက်စက်ယုတ်မာမှု များကြောင့် ပြည်သူ သန်းချီ၍ ထွက်ပြေးနေရပြီး သောင်းပေါင်းများစွာသော နေအိမ်နှင့် ကျေးရွာများမှာ မီးလောင်ပြာကျခဲ့ရသည်။ ထိုသို့ မီးလောင်ပြာ ကျရသည့် အဆောက်အအုံများတွင် သံဃာတော်များ သီတင်းသုံးသော ဘုန်း ကြီးကျောင်းများ၊ ခရစ်ယန် ဘုရားရှိခိုးကျောင်းများ၊ စေတီပုထိုးများ၊ အစ္စလမ် ဘာသာရေး အဆောက်အအုံများလည်း ပါဝင်သည်။

စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်မှုများကြောင့် ပြည်သူထောင်ချီ၍ သေဆုံး နေရ ချိန်တွင် သံဃာတော်များမှာလည်း စစ်တပ်၏ သတ်ဖြတ်မှုများမှ လွတ် ကင်း ခွင့်မရခဲ့ကြပါ။ များစွာသော သံဃာတော်များကို စစ်တပ်က သတ်ဖြတ် ခဲ့သည့်အနက်မှ တချို့ကို ပြန်လည် ကောက်နုတ် တင်ပြလိုပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့ စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာတွင် သီတဂူ ၏ တပည့် စာတတ် ရဟန်းတစ်ပါးဖြစ်သော သက်တော် ၄၄ နှစ်ရှိ အရှင် ဂန္ဓသာရကို ရွာဘုန်းကြီးကျောင်း၏မြေအောက်ခန်းတွင် စစ်တပ်က ပစ်သတ် ခဲ့သည်။ အရှင်ဂန္ဓသာရသည် စစ်ကိုင်းတောင်ရိုး၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် တွင် ဗုဒ္ဓဒဿန (Buddha Dasana) ဒီပလိုမာဘွဲ့နှင့် B.A Buddhist Studies ဘွဲ့ရရှိခဲ့သည့်အပြင် သီရီလင်္ကာနိုင်ငံမှ ကေလနိယတက္ကသိုလ် တက်ခွင့်ရရှိကာ ၂၀၁၆ တွင် M.A Buddhist Studies ဘွဲ့လည်း ရရှိခဲ့သူ စာတတ် ရဟန်း တစ်ပါးဖြစ်သည်။ သို့သော် စစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် ပျံလွန် တော်မူခဲ့ရသည်။

အလားတူ ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်း မြို့နယ် ရှိ နမ်းနှိမ်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ခိုလုံနေသော သံဃာ တော်များနှင့် ပြည်သူများအနက်မှ ကျေးရွာသား ၃၀ ဦးနှင့် သံဃာတော် ၃ ပါး တို့ကို ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ဘုန်းကြီးကျောင်း၏ နံရံဘက်နောက် ခံထားပြီး စစ်တပ်က ရက်စက်စွာပစ်သတ်ခဲ့ပြန်သည်။

ထို့ပြင် ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့ တွင် နွေဦးတော်လှန်ရေး တက်ကြွ လှုပ်ရှား ဦးဆောင်သူ ပြည်ကြီးတံခွန်ဆရာတော် အရှင် အဂ္ဂဝံသသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဧရာဝတီမြစ်ရိုး၊ လက္ကပင်ရွာတွင် စစ်တပ်၏ ဖမ်ဆီးမှု ခံရပြီးနောက် သတင်းအစအနပင် မရတော့ဘဲ ပျောက်ဆုံးခဲ့ရသည်။ တပ်သတင်းရင်းမြစ်တချို့က ဆရာတော်ကို စစ်တပ်က သတ်ဖြတ်ပြီး ဧရာ ၀တီမြစ် ထဲသို့ အလောင်းမျှော လိုက်သည်ဟု ပြောဆို အတည်ပြု ခဲ့ကြသည်။

စစ်ကောင်စီတပ်များသည် များစွာသော သံဃာတော်များကို ၎င်းတို့ အာဏာ သိမ်းမှုကို အာခံသည့်အတွက်သော်လည်းကောင်း၊ စစ်ကြောင်းထိုးစဉ် တွေ့ရှိ သော်လည်းကောင်း သတ်ဖြတ်ခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုသော ဗုဒ္ဓဘာ သာ နိုင်ငံဖြစ်သော်လည်း စစ်တပ်သည် ၎င်းတို့လမ်းကြောင်းတွင် ဆူးညှောင့် ခလုတ်ဟု ထင်လျှင်ဘာသာရေးမရှိ၊ ဘုရားမသိ၊ တရား မရှိ၊ သံဃာတော် များကိုပင် သတ်ဖြတ်ခဲ့ကြသည့် သက်သေများပင်ဖြစ်သည်။

ထိုအထဲတွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည်လည်း စစ်တပ်က သံဃာ တော်များကို ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ် ညှဉ်းပန်းမှုများကို ကမ္ဘာနှင့် နိုင်ငံ တကာ သိရှိစေခဲ့သည့် သက်သေတစ်ခုဖြစ်သည်။

ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂ လအတွင်း မြို့ပေါင်း ၂၀ နီးပါးကို ဆုံးရှုံးသွားပြီဖြစ်သော စစ်တပ်က ၎င်းတို့ စစ်ရေး အရ လုံး၀ မနိုင်တော့သည့် အခြေအနေတွင် MNDAA က ဗုဒ္ဓဘာသာကို ဖျက်ဆီးနေပါပြီဆိုသော ယုတ် ညံ့သည့် အကွက် ဟောင်း၊ တစ်သက်လုံး အသုံးပြု လာသော ယုတ် မာ သော ဘာသာရေး မှိုင်းဖြင့် ပြည် သူ လူထုကို ဂျင်းထည့်ရန် ကြိုးစား လာသည်။

သက်ဆိုင်ရာ MNDAA အဖွဲ့က ဘာသာရေးလွတ်လပ်ခွင့်ကို အသိအမှတ်ပြုပြီး လေးစားကြောင်း၊ စေတီကို တူဖြင့် ထုသော အကြံဆိုးဖြင့် လုပ်ဆောင်သူကို အရေးယူမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ် မနိုင်တော့သည့် စစ်ကောင်စီက ယင်းဖြစ်စဉ်ကို အခြေတည်၍ တိုင်းပြည်နှင့် ပြည်သူများကို ဘာသာရေး၊ လူမျိုးရေး မှိုင်းသွင်းရန် ကြံစည်နေပြန်သည်။

စစ်ကောင်စီသည် ၂၀၀၈ အခြေခံဥပဒေကို ဖောက်ဖျက်၍ အာဏာသိမ်းခဲ့ပြီး ပြည်သူထောင်ချီကို သတ်ဖြတ်ခဲ့မှု၊ သောင်းချီသော နေအိမ်နှင့်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့မှုများ နှင့် ၎င်းတို့ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို ဘာသာ ရေး မှိုင်းတိုက်ရုံဖြင့် လူထုက လွယ်လွယ်ကူကူ မေ့ပျောက်မည်ဟု ထင်မှတ် နေပုံရသည်။

အာဏာသိမ်းပြီးနောက် စစ်တပ် ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ၊ ပြစ်မှုများ မှာ မိုဘိုင်းလ်ဖုန်းနှင့် ကွန်ပျူတာများတွင် ခလုတ် တစ်ချက် နှိပ်ရုံမျှပင် သက်သေ ဗီဒီယို၊ ဓာတ်ပုံ၊ အချိန်၊ နေရာ၊ ကျူးလွန်သည့် စစ်တပ် အမည်များ ချက်ချင်း ရှာတွေ့နိုင်သည်။

ပြည်သူများကို ခေါင်းဖြတ် ၊ ရက်ရက်စက်စက် ပြုမူ သတ်ဖြတ်နေသော ဖက်ဆစ် စစ်တပ်ကို လူထုကို အသွေးအသားထဲမှာ မုန်းတီးခဲ့ပြီးဖြစ်၍ မည်သို့ပင် ဘာသာရေးနှင့် လူမျိုးရေး မှိုင်းတိုက်စေကာမူ လူထုက လုံး၀ လက်မခံတော့ပေ။

လက်ရှိ မန္တလေး၊ မြို့ကြီးများတွင် ဗုဒ္ဓဘာသာကို စော်ကား၍ ဆန္ဒပြပါသည် ဆိုသော လုပ်ပွဲများက အစဉ်အလာအတိုင်း ၅၀၀၀ စားများ ဖြင့် ကျင်းပပြုလုပ် နေသည်ကို လူထု သိရှိနားလည်ထားပြီးသားဖြစ်သည်။

စစ်အာဏာရှင် အမြစ်ဖြတ်ရေး၊ ချေမှုန်းရေး ဆိုသော လူထု၏ စိတ်ဆန္ဒ ရည်မှန်းချက်များသည် ဘာသာရေး မှိုင်းသွင်းရုံ၊ လူမျိုးရေး မှိုင်း တိုက်ရုံဖြင့် မပြိုလဲနိုင်တော့သည်က လုံး၀ အသေအချာပင်ဖြစ်သည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article