30 C
Yangon

လောက်ကိုင်ဒကစ မှ လက်နက်ချ အညံ့ခံသော ဗိုလ်မှူးချုပ် ၆ ဦးနှင့်ဆက်စပ် ၍ ဗိုလ်မှူးကြီးအဆင့် ၆ ဦး ထပ်မံ ဖမ်းဆီးခံရ၊ ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်း ဦးစီးသော စစ်ခုံရုံးကို ဖွဲ့စည်းပြီး အမှု အမြန်စစ်ဆေး အမိန့်ချရန် ညွှန်ကြား

Must read

လောက်ကိုင်ဒကစ မှ လက်နက်ချ အညံ့ခံသော ဗိုလ်မှူးချုပ် ၆ ဦးနှင့်ဆက်စပ် ၍ ဗိုလ်မှူးကြီးအဆင့် ၆ ဦး ထပ်မံ ဖမ်းဆီးခံရ၊ ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ် ကျော်ကျော်ထွန်း ဦးစီးသော စစ်ခုံရုံးကို ဖွဲ့စည်းပြီး အမှု အမြန်စစ်ဆေး အမိန့်ချရန် ညွှန်ကြား

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်တွင် MNDAA ထံ လက်နက်ချ အညံ့ခံလိုက်သော လောက်ကိုင်ဒကစမှ ဗိုလ်မှူးချုပ် ၆ ဦး နှင့်ဆပ်စပ်၍ ဗိုလ် မှူး ကြီးအဆင့် အရာရှိ ၆ ဦးကို စစ်ကောင်စီက ထပ်မံ ဖမ်းဆီးလိုက် ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက MNDAA ထံတွင် လက်နက်ချ အညံ့ခံခဲ့သော လောက် ကိုင်ဒေသ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ လောက် ကိုင်ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ တပ်မ ၅၅ တပ်မမှူး ဗိုလ်မှူး ချုပ် ဇော်မျိုးဝင်း၊ စကခ ၁၆ တပ်မမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး၊ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ စကခ ၁၄ စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးတို့ကို တာဝန် မကျေပွန်မှု၊ အထက်အမိန့် မနာခံမှု၊ ပုန်ကန်မှု များ ဖြင့် အရေးယူရန် ပြင်ဆင်နေချိန်တွင် ထပ်မံ၍ ဗိုလ်မှူးကြီး အဆင့် အရာရှိ ၆ ဦးကိုပါ ထပ်မံ ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။

“ဖမ်းတာက ဒုတိယက ဒကစမှူး ဗိုလ်မှူးကြီးရယ်၊ ဗျူဟာမှူး ၅ ဦးရယ် ထပ် အဖမ်းခံရတယ်။ ဗိုလ်မှူးချုပ် ၆ ဦးနဲ့ ဗိုလ်မှူးကြီး အဆင့် ၆ ဦး စုစုပေါင်း ၁၂ ဦး ကို စစ်ခုံရုံးတင်မယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ စစ်ခုံရုံးဖွဲ့စည်းတယ်။ အဲဒါကို အမြန်ဆုံး စစ်ဆေးပြီး အမိန့်ချဖို့ ညွှန်ကြားတယ်” ဟု စစ်ဘက်သတင်းရင်း မြစ်က ပြောဆိုသည်။

ထို့ပြင် လောက်ကိုင်မှ ပြန်လည် ဆုတ်ခွာလာပြီး လားရှိုးရောက်ရှိနေသော အရာရှိငယ်နှင့်စစ်သည်များ၊ တပ်မိသားစုများ ကို တပ်တွင်းတွင် စောင့်ကြည့် ရန်၊ လက်နက်တပ်ခြင်းမပြုလုပ်ရန်၊ ပြင်ပ ထွက်ခွင့် မပေးရန် ညွှန်ကြားထား ကြောင်း၊ တချို့သော စစ်သည်နှင့်အရာရှိများမှာ လက်နက်များနှင့်အတူ ပျောက်ဆုံးနေသဖြင့် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ခုံရုံး ဥက္ကဋ္ဌ၊ ရမခ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA #လောက်ကိုင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article