30 C
Yangon

ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဂိတ်ပေါက်၊ ခမရ ၂၅၂ တပ်ရင်း အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို မိုင်းဆွဲပြီး ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ပခုက္ကူမြို့အနီးပတ်ဝန်းကျင်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၁၀၁ ဂိတ်ပေါက်၊ ခမရ ၂၅၂ တပ်ရင်းအပါအဝင် စစ်တပ်ဂိတ်တပ်စွဲထားရာနေရာများနှင့် စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Burma Revolution Rangers တပ်ဖွဲ့တာဝန်ခံက ကာတွန်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပခုက္ကူမြို့အနီး အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ဂိတ်၊ ပခုက္ကူမြို့အနီး ကိုးပင်ကျေးရွာ၊ အထည်ချုပ်စက်ရုံတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ဂိတ်၊ ပခုက္ကူမြို့အဝင် ရထားသံလမ်းဆုံရှိ စစ်တပ်ဂိတ်နှင့် ပခုက္ကူမြို့ တပ်မ ၁၀၁ ဂိတ်ပေါက်တို့ကို ဒရုန်း လေယာဉ်ငယ်ဖြင့် ဗုံးသီးချကာ တိုက်ခိုက်ခဲ့ပြီး တပ်မ ၁၀၁ လက်အောက်ခံ ၂၅၂ တပ်အတွင်းသို့ ရော့ကတ် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားထိသေဆုံးပျက်စီးမှကိုစုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“မနေ့က ပခုက္ကူမြို့မှာ တပ်ထောက်ခံပွဲရှိတာပေါ့၊ အဲဒီထောက်ခံပွဲကို ရှုံ့ချတဲ့အနေနဲ့ ပခုက္ကူမြို့နဲ့ အနီးအနားရှိ ဂိတ်တွေကို တပြိုင်နက်တည်းတိုက်ခိုက်ခဲ့တာပါဗျ၊ ၂၅၂ တပ်ကိုတော့ ရော့ကတ် ၃ လုံး နဲ့ပစ်ပြီးတိုက်ခိုက်ခဲ့တာ၊ ကျန်တဲ့ဂိတ်တွေကတော့ မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးသီးချပြီး တိုက်ခိုက်ခဲ့ တာပါ၊ ခွေးသေထိခိုက်မှုတော့ စုံစမ်းနေတုန်းပဲ၊” ဟု Burma Revolution Rangers တပ်ဖွဲ့ တာဝန်ခံက ကာတွန်းက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိသို့ တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီးများဖြင့် ပြန် လည်ပစ်ခတ်ခဲ့သည့်အပြင် ပခုက္ကူမြို့အပြင်ရှိ အနောက်ချောက်ကန်ကျေးရွာနှင့်လက်ပံကန်ကျေးရွာ သို့ စစ်ကြောင်းထွက်လာခဲ့ရာ ယင်းစစ်ကြောင်းကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တပ်ခွဲ ၁ တပ်စိပ် ၁ မှ Burma Revolution Rangers ၊ Royal Defence Force ၊ MRTF ပြောက်ကျားတပ်ဖွဲ့၊ စနေမင်း ပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် ပကဖ တပ်ရင်း ၁ ၊ CGF ပြောက်ကျားတပ်ဖွဲ့၊ Thu Rain တပ်ဖွဲ့ နှင့် Pakokku PPDF တပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

ယင်း တပ်ထောက်ခံပွဲ စီစဉ်ရန် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများက ပခုက္ကူမြို့ အမှတ် ၆ ရပ်ကွက် ကွက်သစ်ရှိ ပြည်သူများကို တစ်အိမ်တစ်ယောက်မလာမနေရခေါ်ဆောင်ပြီး လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုထားသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #BurmaRevolutionRangers #RoyalDefenceForce #MRTF #CGF #ThuRain #PakokkuPPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article