30 C
Yangon

အပစ်ရပ်ရေး သဘောတူညီမှု ရရှိရေး ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ် နိုင်ငံကို စစ်ကောင်စီက အလေးမထားစော်ကားသည့် အနေဖြင့် တိုက်ခိုက် မှုများ လုပ်ဆောင်နေဟု ညီနောင် ၃ ဖွဲ့ ပြော

Must read

■ စစ်ကောင်စီတပ်၏ အလစ်အငိုက် ထိုးစစ်ဆင်မှုကြောင့် MNDAA တပ်သား ၁ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီက ရှမ်းမြောက်ဒေသတွင် ရန်စတိုက်ခိုက်မှုများ ဆောင်ရွက်နေပြီး အပစ်ရပ်ရေး သဘောတူညီမှု ရရှိရေး ကြားဝင် ဆောင် ရွက်ပေးခဲ့သည့် တရုတ်နိုင်ငံကို အလေးမထား စော်ကားနေကြောင်း မြောက် ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၁၁ နာရီ ၂၁ မိနစ်အချိန် စစ်ကောင်စီ၏ “ဗျူဟာ (၄၈)” မှ တပ်ဖွဲ့ ဝင်အင်အား ၃၀ ကျော်ခန့် သည် ကိုးကန့်တပ်မတော် (MNDAA) အခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင် အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင် အလစ်အငိုက် ထိုးစစ် ဆင် တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အလစ်အငိုက်တိုက်ခိုက်မှုကြောင့် MNDAA ရဲဘော် ၁ ဦး အသက်စွန့်လွှတ်ခဲ့ရကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

ညီနောင် ၃ ဖွဲ့အနေဖြင့် ” ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီမှု” ကို လိုက်နာ သည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီက ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက်သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာ ရောက် သည့်အပြင် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ကူညီမှုကို အလေးမထားသည့်အပြင် စော်ကားလိုက်ခြင်းပင်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း “ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီမှု” ကို ပထမအကြိမ် ပေါ်ပေါ်ထင်ထင်ချိုး ဖောက်ခဲ့ ပြီးဖြစ်သောကြောင့် ယခုတစ်ကြိမ်နှင့်ဆိုလျှင် ဒုတိယအကြိမ်ထပ်မံချိုးဖောက် လိုက်ခြင်းပင် ဖြစ်ကြောင်း၊ တအာင်းနှင့် ကိုးကန့်ဒေသတွင်း စစ်ကောင်စီက မထီမဲ့မြင်ရန်စမှုများ လုပ်ဆောင်နေကြောင်း ညီနောင် ၃ ဖွဲ့က ပြောသည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် လားရှိး မြို့နယ်၊ နမ့်တွန်ရွာ၌ အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းက သိန္နီ ဘက်ခြမ်း နယ်စပ်တံတားသို လက်နက်ကြီးဖြင့် ၁၈ ကြိမ်တိုင် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ ကွတ်ခိုင်မြို့ နယ်၊ နမ့်ဖတ်ကာ ကျေးရွာသို့ လည်း စစ်ကောင်စီ က ဂျက်ဖိုက်တာဖြင့် ၇ ကြိမ်၊ Mi-35 ရဟတ် ယာဉ်ဖြင့် ၃ ကြိမ်နှင့် Y-12 ဖြင့် ၁၁ ကြိမ်ဖြင့် ဗုံးအလုံး ပေါင်း ၁၀၁ လုံး ကျဲချတိုက်ခိုက်သည့်အပြင် ဖျက် အားပြင်းပေါင် ၅၀၀ ဗုံး ၃ လုံးဖြင့်ပါ လာရောက် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ ဖွဲ့က ပြောဆိုသည်။

Photo Credit- Nikkei Asia

#နွေဦးတော်လှန်ရေး #yktnews #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #MNDAA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article