28 C
Yangon

ပခုက္ကူမြို့နယ်ရှိ စစ်တပ်၏ ဝါဇီစက်ရုံကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဝါဇီစက်ရုံကို လက်နက်ကြီး၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ (လနစ) ဝါဇီ စက်ရုံကို တော်လှန်ရေး တပ်ဖွဲ့များက Short Range Missile ၂၇ လုံး၊ Drone များဖြင့် အဖွဲ့ငယ် ၄ ဖွဲ့ခွဲကာ ၀ိုင်း၀န် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့မှ ထုတ်လုပ်ထားသော Missile ၂၂ လုံး၊ ပခုက္ကူခရိုင် တပ်ရင်း ၈ တပ်ခွဲ ၁ မှ ထုတ်လုပ်ထားသော Missile ၅ လုံးတို့ဖြင့် ပစ်ခတ် ခဲ့သည့်အပြင် (လနစ) ၏ ပထမ ခံစစ်စည်းဖြစ်သော ချိုက်​ကျေးရွာရှိ လက်နက်ကြီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိက်ခိုက်ခဲ့ပြီး လည်ကျင်းရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးအထိုင်နှင့် ကင်းပုန်းများကိုလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ Drone လက်ရုံးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဖြစ်သော ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်း၊ တပ်ခွဲ ၁ တို့နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် လနစ အတွင်း ထိခိုက် ပျက်စီးမှုများစွာရှိကာ အသေးစိတ် အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article