31 C
Yangon

နေပြည်တော်ပျဉ်းမနားတွင် ဧည့်စာရင်းစစ်ပြီး ပြည်သူများကို နေ့စဉ် ဖမ်းဆီးနေ ၊ ငွေပေးနိုင်သူများ ပြန်လွတ်သော်လည်း နယ်ဒေသမှ လူငယ်များ ပြန်မလွတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အကြမ်းဖက်စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်နယ်မြေတွင် ပါဝင်နေသော ပျဉ်းမနားမြိုနယ်တွင် နေ့စဉ် ညတိုင်း ဧည့်စာရင်းစစ်ဆေးနေပြီး ဧည့်စာရင်းမတိုင်ထားသော ပြည်သူများ နေ့စဉ် ဖမ်းဆီးခံနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုမထမ်းမနေရ ဥပဒေ ကြေညာပြီးသည့်နောက်မှစတင်၍ နေ့စဉ် ညတိုင်း ပျဉ်းမနားမြိုနယ်အတွင်းတွင် ဧည့်စာရင်း စစ်ဆေးမှုများကို ရဲ၊ စစ်တပ်နှင့် ဌာနဆိုင်ရာ ပေါင်းစုံက စစ်ဆေးနေခြင်းဖြစ်ကြောင်း၊ ဧည့်စာရင်းမတိုင်သူများအနက်မှ ငွေကြေးပေးနိုင်သူတချိုမှာ ညတွင်းချင်း ပြန်လည် လွတ်မြောက် ကြသော်လည်း တချိုမှာ တရားရုံးတင် အမှုစွဲခံရကြောင်း သိရှိရသည်။

“ပျဉ်းမနားမှာ ဧည့်စာရင်းစစ်တယ်။ ဖမ်းတယ်။ နောက်နေ့ တရားရုံးတင်တယ်။ အဲဒီလို တရားရုံးတင်တဲ့အခါ ရဲကိုတရားလိုမလုပ် ခိုင်းဘဲ ရာအိမ်မှူးတွေကို တရားလိုလုပ်ပြီး တရားစွဲခိုင်းတယ်။ တစ်နေ့တစ်နေ့ မြိုနယ်တရားရုံးမှာ ဧည့်စာရင်းအမှုသည်တွေက အများကြီးပဲ” ဟု နေပြည်တော်ပျဉ်းမနားဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧည့်စာရင်းစစ်ရင်း နယ်ဒေသများမှ လာသည့် လူငယ်များကို မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများလည်းရှိနေကြောင်း သိရှိရသည်။

လက်ရှိတွင် နေပြည်တော် ပတ်ဝန်းကျင် ပျဉ်းမနား၊ လယ်ဝေး အပါအဝင် မြို နယ်များတွင် စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲများနှင့် ပျူစောထီး(ခေါ်) ပြည်သူ့စစ်များကို လုံခြုံရေး ကင်းလှည့်မှုများ တင်းကျပ်မှုများ လုပ် ဆောင် ခိုင်းနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်က နေ့စဉ် ပြည်သူများကို ဧည့်စာရင်းစစ်မှုများ လုပ်ဆောင်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article