ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဥရောပသမဂ္ဂ(အီးယူ)နှင့် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်မြန်မာစစ်အုပ်စုကို တရားဝင်ကျင်းပတဲ့ အစည်းအဝေးတွေနဲ့ လှုပ်ရှားမှုတွေ အားလုံးမှ ဖယ်ကြဉ်ထားဖို့ မြန်မာနှင့် နိုင်ငံ တကာ အဖွဲ့တွေ မဟာမိတ် အဖွဲ့အစည်း ၃၅၄ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။
- ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်နဲ့ ၈၁ မမ ဗုံးသီး တွေ ကျဲချပြီး စက်လက်နဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေတာရှည်မြို့နယ် တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ဆီကသိရပါတယ်။
- တနင်္သာရီတိုင်း၊ မြိတ်မြို့၊ ကမ်းနားလမ်း အပါအဝင် မြို့ရဲ့ နေရာ ၃ ခုထက်မနည်းမှာ မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar