ဒီကနေ့ မတ် ၂ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် အဆင့်ကနေ ဗိုလ်ကြီးအဆင့်အထိ အရာရှိ ၁၉ ဦးဟာ အသီးသီး သေကုန်ကြပြီး ၊ နောက်ထပ် အရာရှိ ၁၇ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
- ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ် နဲ့ တာချီလိတ်မြို့တွေမှာ လားဟူ နဲ့ အခါတိုင်းရင်းသား တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်သင်တန်းပေးပြီး ပြည်သူ့စစ်အဖြစ် စုဆောင်းနေ ပြန်တယ် လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- နေပြည်တော် နဲ့ မန္တလေးတိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူတွေ စစ်မှု ထမ်းကြဖို့ စည်းရုံး စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး သန်းခေါင်စာရင်းမှာပါတဲ့ လူငယ်တွေ နေအိမ်မှာ မရှိရင် အိမ်ပြန်ခေါ်ထားကြဖို့ ခြိမ်းခြောက်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar