33 C
Yangon

ဆီဆိုင်နှင့် ဟိုပုံးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် မီးလောင်ဗုံးများ ကျဲချမှုတိုကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မတ် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြိုနှင့် ဟိုပုံးမြိုနယ်တွင် တိုက်ပွဲများပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု ပစ်ခတ်တိုက်ခိုက်နေခြင်းတိုကြောင့် နေအိမ် ၁၆ လုံးထက်မနည်းမီးလောင်ပြာကျခဲ့ကြောင်း PNLA သတင်း နှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယမန်နေ့ မတ် ၁၀ ရက်နေ့ နံနက် ၇ နာရီမှ ညနေ ၅ နာရီအချိန်အထိ ဆီဆိုင်မြိုမြောက်ဘက်တွင် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အထိနာသဖြင့် ဆီဆိုင်မြို တွင်းသို လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုပြီး ၁၀၈ ကြိမ် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာဖြင့် တစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဆီဆိုင်မြိုကို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ့နေအိမ် ၁၆ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဆီဆိုင်မြိုက မြိုပျက်ကြီးလို ဖြစ်သွားပြီ၊ လူလည်းမရှိတော့ဘူး၊ အဲလိုဖြစ်အောင် စစ်ခွေးတွေက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ၊ ဗုံးနဲ့ ဓာတ်ဆီကို အဝတ်စနဲ့ တွဲဆီချီထားပြီး အိမ်တွေပေါ်ကို ကျဲ ချတာ၊ လေယာဉ်နဲ့လည်း ကျဲတယ်၊ ဒရုန်းနဲ့ မီးလောင်ဗုံးချတာ အဆိုးဆုံးပဲ” ဟု ရှေ့တန်းရောက် တော်လှန်ရေး ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောကြားသည်။

ထိုပြင် ဟိုပုံးမြိုနယ်၊မဲနယ်တောင်ဒေသ စအွန်တောင်ကြောတွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ် ကောင်စီတပ်က လက် နက်ကြီးများဖြင့် ၁၂၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် မသက်ဆိုင်သည့်နေရာများ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မှ တပ်စွဲထားခြင်းလည်းမရှိသည့် မဲနယ် တောင်ဒေသ ပင်လျမ်းရွာကို မီးလောင်းဗုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း ၊ လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ၊စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပင်လျမ်းကျေးရွာရှိ နေအိမ်အများအပြား မီးလောင် ပျက်စီးခဲ့ကြေင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က ပင်လျမ်းကျေးရွာ၏ ဘုန်းတော် ကြီးကျောင်းကို မီးလောင်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ဘုန်းတော်ကြီးကျောင်း မီးလောင် ပျက်စီးခဲ့ရသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ စစ်ရာဇာဝတ်မှုများကို ပေါ်ပေါ်တင်တင် ကျူးလွန် နေပြီး အပြင်းထန်ဆုံး အရက်စက်ဆုံး အကြမ်းတမ်းဆုံးနည်းများဖြင့် ပြည်သူများကို တိုက်ခိုက် သတ် ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အဖွဲအစည်းများ ကမ္ဘာ့နိုင်ငံ များက ထိထိရောက်ရောက် အရေးယူပေးရန် လိုအပ်လျက်ရှိကြောင်း PNLA တပ်ဖွဲက တောင်းဆိုလိုက်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article