အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မတ် ၁၁
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ မတ် ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ငါတို့အားလုံးရဲ့ရည်မှန်းချက်ဟာစစ်အာဏာရှင်အမြစ်ဖြတ်ဖို့ပဲ၊ကျန်တာဘယ်အရာမှ တွေဝေနေ တုံ့ဆိုင်းနေစရာမလိုဘူး။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
![](https://yktnews.com/wp-content/uploads/2024/03/429585193_767393575488251_2632950848731481412_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/432584158_767393995488209_7647455884814539194_n.jpg)
![](https://yktnews.com/wp-content/uploads/2024/03/432608121_767393525488256_7820144758687714984_n.jpg)