23 C
Yangon

မင်းပြားတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် ရိုဟင်ဂျာမွတ် စလင် ၂၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများကို AA က ဆေးကုသပေးနေ

Must read

ရန်ကုန်၊ မတ် ၂၀

ရခိုင်ပြည် မင်းပြားမြိုနယ် သာဒါ ကျေးရွာကို စစ်ကောင်စီ လေတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၁ ဦး အပါအဝင် အပြစ်မဲ့ ရိုဟင်ဂျာ ၂၂ ဦးသေဆုံးခဲ့ပြီး ၂၉ ဦး ထိခိုက်ဒဏ်ရသွားကြောင်း AA က မတ်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့ နံနက် ၁ နာရီ ၃၂ မိနစ်အချိန်တွင် မင်းပြားမြိုနယ် သာဒါ ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ရိုဟင်ဂျာများ ထိခိုက်သေဆုံးခဲ့ရာတွင် ဒဏ်ရာရရှိသူများကို AA က ဆေးကုသပေးနေကြောင်း၊ စစ်ကောင်စီ၏ ယခုကဲ့သို လူမျိုးရေးအမုန်းတရားများကို အခြေခံပြီး စစ်ရေးပစ်မှတ်မဟုတ်သော အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်သည်ဟု AA က ဆိုသည်။

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များနှင့် လူမှုဘဝလုံခြုံမှုကို နေစဉ်နှင့်အမျှ ခြိမ်းခြောက်နေသောလုပ်ရပ်များနှင့် ပြည်သူများကို နေ့စဉ်သတ်ဖြတ်နေသော လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်နေသော မရိုးနိုင်သော လုပ်ရပ်များပင်ဖြစ်ကာ လွန်စွာမှ သိက္ခာမဲ့သောလုပ်ရပ်များဖြစ်သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article