ရန်ကုန်မြို့လယ်တွင် “မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ” ဆိုသော ဗီနိုင်းကို ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား
ရန်ကုန်၊ မတ် ၂၅
ရန်ကုန်မြို့လယ်တွင် “မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ” ဆိုသော ဗီနိုင်းကို ယနေ့ ချိတ်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-မြေပြင်) က ဦးဆောင်လှုပ်ရှားခြင်းဖြစ်ပြီး အစစ်အဆေးထူထပ်နေသော ရန်ကုန်မြို့လယ်တစ်နေရာတွင် ထိုသို့ “မတရားစစ်မှုထမ်းဥပဒေ တော်လှန်ရေးနဲ့ဆန့်ကျင်ကြ” ဆိုသောစာသားပါ ဘန်နာကို ချိတ်ဆွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ မတရားဥပဒေများကို သတိပြုတွန်းလှန်ရေးရည်ရွယ်ချက်များဖြင့် ချိတ်ဆွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ အဆိုပါ ဘန်နာချိတ်လှုပ်ရှားမှုကို Youth Scout for Democracy (YSD)က ကင်းထောက်ပံ့ပိုးမှုဖြင့် ကူညီအားဖြည့်ပေးခဲ့ကြောင်း သိရှိရသည်။