25 C
Yangon

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်များကို AA က တိုက်ခိုက်နေပြီး စစ်တပ်က Mi35နှင့်တိုက်လေယာဉ်များအသုံးပြု ဗုံးကျဲနေ

Must read

ရန်ကုန်| မတ် ၂၅

ရခိုင်ပြည် အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ မတ်လ ၂၄ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသတွင်းနေထိုင်သူများက ပြောသည်။
တိုက်ပွဲမှာ စစ်ကောင်စီစစ်ကြောင်းကို AA မှ ကြားဖြတ်တိုက်ခိုက်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ အကျဆုံးရှိခဲ့ကြောင်း AA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

” အမ်း အကျော် ရိုး ဖက်မှာဖြစ်တာပါ။ ကြားဖြတ်တိုက်တာလို့ သိရတယ်။ စစ်ကြောင်းအင်အားတော့ အတိကျမသိဘူး။ စစ်ကောင်စီဖက်က အကျဆုံးတွေရှိတယ် ” ဟု ပြောသည်။

ယင်းအပြင် ယမန်နေ့ မတ်လ ၂၄ ရက်နေ့တွင်ပင် အမ်းမြို့နယ် လုံးကျေးရွာအနီးရှိ နတ်စင်တောင်ဘက်ကို စစ်ကောင်စီဖက်မှ တပ်သားအင်အား ၁၀၀ ခန့်ရှိ စစ်ကြောင်းထွက်ခွာမှုရှိခဲ့ကာ အဆိုပါ အနီးတဝိုက်ကို လက်နက် ကြီးငယ်များ ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း အမ်းဒေသခံတစ်ဦးက ဆိုသည်။

” မနေ့က နေ့လယ်လောက်မှာ အမ်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ တစ်မိုင်အကွာက နတ်စင်တောင်ဘက်ကို အင်အား ၁၀၀ လောက်စစ်ကြောင်းထွက်တယ်။ အဲ့နားတစ်ဝိုက်မှာ လက်နက်ကြီး လေယာဥ်တွေနဲ့ ပစ်တာတွေရှိတယ်။ တိုက်ပွဲတော့မဖြစ်ဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုကာ အမ်းမြို့အနီးတစ်ဝိုက် တောင်ကုန်းတောင်တန်းများကို လက် နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို အမြဲပြုလုပ်လျှက်ရှိနေသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ MI 35 တိုက်လေယာဥ်ဖြင့် တောင်ကုန်းတောင်တန်းများ တစ်လျှောက်ကို ဗုံးကြဲလျှက်ရှိနေသည်ဟု အမ်းဒေသခံများကပြောသည်။
အမ်းမြို့ရှိ စစ်ကောင်စီတပ်သားများမှာ အမ်းမြို့တစ်ဝိုက် စစ်ရေးလှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ပိုလုပ်ဆောင်လျှက်ရှိနေပြီး ခံစစ်အတွက်ပြင်ဆင်ရန် မွတ်ဆလင်အကျည်းသားများကို ဝါးဆူးများ လုပ်ခိုင်းသည်များလည်းရှိကြောင်း အမ်းဒေသခံများက ဆိုသည်။

လတ်တလော ရသေ့တောင်၊ ဘူးသီးတောင်ဘက်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး အမ်းအပါအဝင် တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲနှင့် စစ်တွေဘက်တို့တွင် စစ်ရေးတင်းမာလျှက် ရှိနေကြဆဲဖြစ်သည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #Mi35 #အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် #တိုက်လေယာဉ်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article